အမျိုးသားပညာရေး ဥပဒေကိစ္စ လန်ဒန်ရောက် မြန်မာများ ဆန္ဒပြ


2015.01.17

မြန်မာနိုင်ငံမှာ အမျိုးသားပညာရေးဥပဒေကို ရက်ပေါင်း ၆ဝ အတွင်း ပြုပြင်ပြောင်းလဲပေးဖို့ ကျောင်းသားထုက အစိုးရကိုတောင်းဆိုထားတာ အခုရက်စေ့သွားပေမယ့် အစိုးရက  အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိတဲ့ အတွက် ဗြိတိန်နိင်ငံရောက် မြန်မာနိုင်ငံသား လူငယ်တွေက လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့မှာ မနေ့မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ပြည်ပရောက် မြန်မာလူငယ်တွေဟာ ပြည်တွင်းက ကျောင်းသားထုနဲ့အတူ အမျိုးသားပညာရေးဥပဒေကို လက်မ ခံနိုင်ကြောင်းနဲ့ ဒီမိုကရေအုပ်ချုပ်ရေးစနစ်ကို ဦးတည်သွားနေတယ်ဆိုတဲ့ လက်ရှိအစိုးရအနေနဲ့ ကျောင်းသားထု ရဲ့ တောင်းဆိုမှုကို လိုက်လျှောရမယ် သူတို့အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အတူရှိနေ တယ်ဆိုတာကို ပြချင်တဲ့အတွက် မြန်မာသံရုံးကို ဆန္ဒလာပြတာလို့ စည်းရုံးဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုထွဋ်ခေါင် က ပြောပြပါတယ်။

"ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ရက် ၆ဝ ရက် ရာဇသံပေးထားတာ ဒီနေ့ပြည့်တယ်၊ ပြီးရင် အမျိုးသားပညာရေး ဥပဒေမူကိုပြောင်းလဲပေးဖို့ အဲ့ဒါတွေကို သူတို့ဆန္ဒပြကြတာပေါ့နော်၊ သပိတ်မှောက်ထားတာပေါ့ အဲ့ဒါ ဒီနေ့ ရက် ၆ဝ ပြည့်တာကို ကျနော်တို့ အခုထိဘာမှမကြားရသေး ဘူးပေါ့၊ ဆိုတော့ဒီ့အတွက် ကျနော်တို့အချိန်ကိုက်လုပ်တာ၊ ကျနော်တို့ကို ဘယ်လိုဆက်လုပ်ဖို့ရှိလဲ ဆိုတော့ အထဲက ဗ.က.သ ရဲ့လုပ်ဆောင်ချက်ကိုကြည့်ပြီး ဒီဘက်ကနေကြည့်ပြီး ကျနော်တို့ ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ ကျနော်တို့စဉ်းစားမှာပါ၊ သူတို့အနေနဲ့အထဲမှာ ရာဇသံပေးထား တယ်ပေါ့လေ တော်တော်ကိုပြင်းထန်ပါတယ် ရာဇသံဆိုတဲ့ဟာက ဗမာစကားအရဆိုရင်၊ ဆိုတော့ သူတို့ဘယ်လိုမျိုးလုပ်မလဲ အခုကျနော် စောင့်ကြည့်နေတဲ့အထဲမှာ ဗ.က.သ လှုပ်ရှားမှုပေါ်မူတည်ပြီး ဒီဘက်က ကျောင်းသားသမဂ္ဂတွေရဲ့ လုပ်ဆောင်မှုအပိုင်းတွေကို ကျနော်တို့ ကြည့်ပြီးတော့ ကူညီလို့ ရမယ့်ဟာ အကြံအဉာဏ်ပေးလို့ရတာတွေ သူတို့ကိုကျနော်တို့ ပေးသွားမှာပါ"

လန်ဒန်ရှိ မြန်မာသံရုံးကနေတဆင့် အစိုးရဆီကို အမျိုးသားပညာရေးဥပဒေ ပြုပြင်ရေးနဲ့ပတ်သတ်ပြီး သူတို့အနေနဲ့ သီးခြားတောင်းဆိုမှုတွေမလုပ်ခဲ့သလို ဘာအကြောင်းကြောင့် ဆန္ဒပြမယ်ဆိုတာလည်း ဆက်သွယ်ပြောကြား တာမျိုး မလုပ်ခဲ့ဘူးလို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။