တပ်နဲ့ပြည်သူ လက်တွဲကြိုးပမ်းဖို့ လှုံ့ဆော်စာဖြန့်ဝေ

စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ မြန်မာ ပြည်သူတွေဟာ ဆင်းရဲချို့တဲ့နေကြပြီး တိုးတက်ပြောင်းလဲမှု မရှိတာကြောင့် တပ်နဲ့ပြည်သူ လက်တွဲပြီး မြန်မာနိုင်ငံ ကို ဦးမော့လာအောင် ကြိုးပမ်းကြဖို့ တပ်မတော်သား တွေကို လှုံ့ဆော်တဲ့ စာတစောင်ကို ရန်ကုန်မြို့ နေရာ တချို့မှာ အမျိုးသမီးလူငယ်တွေ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

2010.09.18
military_billboard_305_z နိုင်ငံရေး အင်အားစုများနှင့် ရဟန်းရှင်လူ ပြည်သူတရပ်လုံး ပါဝင်ခဲ့သည့် မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် ဖက်ဆစ် တော်လှန်ရေးနေ့ကို စစ်အစိုးရက တပ်မတော်နေ့ အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။ (Photo: AFP)
AFP

စစ်အစိုးရ အာဏာသိမ်းခဲ့တဲ့ ၂၂ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ရှိတဲ့ အမျိုးသမီး လူငယ် အင်အားစုတွေက တပ်မတော်သားတွေကို အသိပေး နှိုးဆော်ထားတဲ့ ပို့စကဒ်တွေကို စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ပို့စကဒ်တွေကို သန်လျင်မြို့ သီလဝါ ရေတပ်စခန်း အနီးတဝိုက်နဲ့ မြို့တွင်း နေရာ အတော်များများမှာ အမျိုးသမီး လူငယ်တွေ နေရာခွဲပြီး ဖြန့်ဝေခဲ့ကြတာ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မဝေဝေဇံ က အာအက်ဖ်အေကို ပြောပါတယ်။

“ပို့စကဒ် ဓာတ်ပုံဆိုဒ်တွေပါ။ အဲ့ဒီ ပို့စကဒ်တွေပေါ်မှာ စာကတော့ ‘တပ်နဲ့ပြည်သူ လက်တွဲကူ’။ နောက်ပြီးတော့ ‘၂၀၁၀ ရွေးကောက်ပွဲကို လက်တွဲ ဆန့်ကျင်ကြ’။ ပုံမှာကတော့ တပ်မတော်သားကို အမျိုးသမီးက ပန်းကုံး စွပ်နေတဲ့ပုံပါ။ ဒီ သန်လျင် သီလဝါ ရေတပ်စခန်း အနီးတဝိုက်နဲ့ ရွှေမန်းရုပ်ရှင်ရုံ၊ သခင်မ ပန်းခြံ၊ သစ်ခေါက်ဘုရား၊ ဆိပ်ကြီးဝပ် ဘုရား၊ နောက်ပြီးတော့ ဖအောက် တရားစခန်း နားမှာရော၊ ဒလ မှာဆိုရင် ပေါင်းတော်ချုပ် ဘုရားလမ်းတလျှောက်၊ ကျမတို့ ၁၇ ရက်နေ့ မနက်ကတည်းကနေ အဲ့ဒီမှာ ဖြန်ဝေပေးခဲ့ပါတယ်။ တကယ်တမ်းကျတော့ တပ်မတော်သားတွေရဲ့ ဘဝဟာလည်း စစ်အာဏာရှင်ရဲ့ အသုံးချခံ သားကောင်းတွေ ဖြစ်နေတယ်ဆိုတာ ဒီအချိန်မှာ ကောင်းကောင်းကြီး သဘောပေါက် နားလည်သင့်ပြီလို့ ကျမတို့ ယူဆတယ်။ ဒါကြောင့် တပ်မတော်သားတွေကို လူထုနဲ့ တသားတည်း ရပ်တည်စေချင်လို့ အခုလို ရည်ရွယ်ချက်နဲ့ ကျမတို့ လုပ်ဆောင်တာ ဖြစ်ပါတယ်”

ဒီ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတဲ့ အမျိုးသမီး လူငယ်အင်အားစုတွေဟာ လူငယ်တွေ နိုင်ငံရေးနိုးကြားမှု ရှိလာစေဖို့ ရည်ရွယ်ပြီး အခုနှစ် ၂၀၁၀ က စလို့ နိုင်ငံရေးစကားဝိုင်းတွေ၊ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွေကို လှုပ်ရှား ဆောင်ရွက်နေကြတဲ့ လူငယ်အင်အားစု တခု ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-09-18 23:39

WE LOVE AUNTY SUU

Anonymous
2010-09-21 03:08

စစ်တပ်နဲ့ ပတ်သက်တာတွေ အခန်းတခုလုပ်ပြိးတင်ပေး၇ငသ် မှတ်တမ်းလဲဖြစ်တာပေါ့