စစ်တွေမြို့စက်မှုရပ်ကွက်က မြေ ယာတွေ ပြန်လည်ရရှိဖို့ ဆန္ဒပြတောင်းဆို


2016.11.28
land-protest-rakhine-620.jpg မြေယာတွေ ပြန်လည်ရရှိဖို့ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တောင်သူတွေ ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့က စက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းခံထားရတဲ့ မြေယာတွေထဲက ဧကပေါင်း ၁၄၀ ကျော်ကို မူလတောင်သူတွေလက်ထဲ ပြန်လည်ပေးအပ်ဖို့နဲ့ အဲဒီမြေယာတွေမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကို ဖယ်ရှားပေးဖို့ တောင်သူ ၈၀ လောက်က စစ်တွေမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီလယ်ယာမြေတွေပေါ်မှာ ခြံစည်းရိုးကာရံတာတွေ၊ အဆောက်အဦးဆောက်တာတွေ မလုပ်ဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက တားမြစ်ထားပေမယ့် လုပ်ငန်းရှင်အချို့က မျက်ကွယ်ပြုပြီး ဆက်လက်လုပ်ဆောင်မှုတွေရှိနေ တာကြောင့် ဆန္ဒပြတောင်းဆိုတာလို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။

ဝန်ကြီးချုပ် ဦးညီပုရဲ့ တားမြစ်ချက်အပေါ် မျက်ကွယ်ပြုပြီး အဆောက်အဦးဆောက်တာ၊ ခြံစည်းရိုး ကာရံတာတွေ ရှိနေတဲ့အပေါ် မြို့နယ်အုပ်ချုပ်ရေး မှူးထံ တောင်သူတွေက တင်ပြပေမယ့်လည်း အရေးတယူဆောင်ရွက်ပေးတာ မရှိဘူးလို့ ဆန္ဒပြတောင်သူတွေကပြောပါတယ်။

ဆတ်ရိုးကျစက်မှုရပ်ကွက်အဖြစ် သိမ်းဆည်းထားတဲ့ မြေယာတွေထဲက ဧကအတော်များများကို အရင် ရခိုင်ပြည် နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာအကြီး အကဲတွေက မြေကွက်တွေရိုက်ပြီး အသီးသီးခွဲဝေယူခဲ့ကြတာဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။