ကျောက်မဲ စစ်ဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်

2021.11.09
ကျောက်မဲ စစ်ဘေးဒုက္ခသည်တွေ အကူအညီ လိုအပ် ကျောက်မဲမြို့ ရှမ်းစာပေယဉ်ကျေးမှုသင်တန်းကျောင်းကို ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲကြောင့် ကျောက်မဲမြို့ ရှမ်းစာပေယဉ်ကျေးမှု သင်တန်းကျောင်းကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအတွက် နေထိုင်ရေးအခက်အခဲဖြစ်နေတယ်လို့ စခန်းတာဝန်ခံ RFA ကို ဒီနေ့ပြောပါတယ်။

မူလက သင်တန်းကျောင်းမှာ လူဦးရေ ၂၀၀ လောက်ကိုပဲ လက်ခံဖို့ရည်ရွယ်ထားပေမဲ့ အခုတော့ လူဦးရေ ၆၀၀ ကျော်အထိရှိလာတဲ့အတွက် ဒုက္ခသည်တွေလက်ခံနိုင်ဖို့ ဝါးနဲ့ ယာယီတဲတန်းလျားတွေ ဆောက်နေရ တယ်လို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်စခန်းမှာ ခိုလှုံနေရာသူတွေဟာ ဟူးဆွန်၊ မြန်ဆိုင်း၊ တွန်ဟိတ်ကျေးရွာတွေကဖြစ်ပြီး နိုဝင်ဘာလ ၉ ရက် ဒီနေ့အထိ အိမ်ထောင်စု ၁၉၇စု၊ လူဦးရေ ၆၄၆ ဦးရှိနေတာဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့် မြို့ပေါ်နေရာလေးခုမှာ ထွက်ပြေးနေရတဲ့ လူဦးရေ ၁၂၀၀ ကျော်ရှိနေပြီး ထပ်မံထွက်ပြေးလာနိုင်တဲ့သူတွေလည်း ရှိနိုင်တယ်လို့ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူတွေ က ပြောပါတယ်။

ဓာတ်ပုံများကြည့်ရန် - "‌ကျောက်မဲမြို့သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များ"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။