ကျောက်မဲကိုထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်များ

2021.11.09

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲကြောင့် ကျောက်မဲမြို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု သင်တန်းကျောင်းကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေအတွက် နေထိုင်ရေး အခက်အခဲ ဖြစ်နေတယ်လို့ စခန်းတာဝန်ခံ RFA ကို ဒီနေ့ပြောပါတယ်။

ကျောက်မဲမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု သင်တန်းကျောင်းသို့ ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည်များကို ၂၀၂၁ နိုဝင်ဘာလ ၉ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒုက္ခသည်စခန်းမှာ ခိုလှုံနေရာသူတွေဟာ ဟူးဆွန်၊ မြန်ဆိုင်း၊ တွန်ဟိတ် စတဲ့ကျေးရွာတွေကဖြစ်ပြီး နိုဝင်ဘာလ ၉ ရက် ဒီနေ့အထိ အိမ်ထောင်စု ၁၉၇စု၊ လူဦးရေ ၆၄၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

ယာယီတဲတန်းလျားများ မပြီးစီးခင် ဖြစ်သလို နေထိုင်စားသောက်နေရသည့် စစ်ပြေးဒုက္ခသည်များ။ (Photo: RFA)

မူလက သင်တန်းကျောင်းမှာ လူဦးရေ ၂၀၀ လောက်ကိုပဲ လက်ခံဖို့ ရည်ရွယ်ထားပေမဲ့ အခုတော့ လူဦးရေ ၆၀၀ ကျော်အထိရှိလာတဲ့အတွက် ဒုက္ခသည်တွေလက်ခံနိုင်ဖို့ ဝါးနဲ့ ယာယီတဲတန်းလျားတွေ ဆောက်နေရတယ်လို့ ဆိုပါတယ်။

နောက်ထပ်ရောက်လာသည့် စစ်ပြေးဒုက္ခသည်များအတွက် ယာယီတဲတန်းလျားများ ဆောက်လုပ်ရန် ဝါးများ သယ်ဆောင်လာစဉ်။ (Photo: RFA)

စစ်ပြေးဒုက္ခသည်တစ်ဦး ဝါးဖြင့် ယာယီအသုံးအဆောင် ပြုလုပ်စဉ်။ (Photo: RFA)

စစ်ပြေးဒုက္ခသည်များအတွက် ယာယီတဲတန်းလျားများ။ (Photo: RFA)

ကျောက်မဲမြို့သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များကို ယာယီတဲတန်းလျားများတွင်၂၀၂၁ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့် မြို့ပေါ်နေရာလေးခုမှာ ထွက်ပြေးနေရတဲ့ လူဦးရေ ၁၂၀၀ ကျော်ရှိနေပြီး နောက်ထပ် ထွက်ပြေးလာနိုင်တဲ့သူတွေလည်း ရှိနိုင်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ကျောက်မဲမြို့သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များကို ယာယီတဲတန်းလျားများတွင်၂၀၂၁ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကျောက်မဲမြို့သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်များကို ယာယီတဲတန်းလျားများတွင်၂၀၂၁ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။