ကရင်ငြိမ်းချမ်းရေးတပ်သား ၆ ဦးအမှု တရားဥပဒေအရ တိုင်ကြားဖို့ပြင်
2010.12.12
“အရင် တိုင်းမှူးဟောင်း သက်နိုင်ဝင်းဆီ ကျနော်တို့ စာတင်တယ်လေ။ မဆီမဆိုင်တဲ့ အဖွဲ့ဝင်တွေကို သူတို့ ရက်ရက်စက်စက် သတ်တာ။ အဲဒါ ဒီ တိုင်းမှူးနဲ့ လုပ်တဲ့သူတွေကို အရေးယူပေးဖို့။ ကျနော် စာရင်းရလာတယ်ဗျ။ အခု အသစ်ရောက်လာတဲ့ တိုင်းမှူးမှာ တာဝန်ရှိတယ်။ နောက် တပ်မ (၄၄)၊ ခမရ (၆၁) ခြေမြန်တပ်ရင်း၊ တပ်ရင်း (၂၃၀) အဲဒီ တိုက်ရိုက် ဝင်ပြီး ဟိုဟာပေးတဲ့လူက၊ တပ်ရင်းမှူး နာမည် ဗိုလ်မှူးကြီး သန့်ဇင်။ အဲဒီလူတွေမှာ တာဝန်ရှိတယ်။ အဲဒီလူတွေကို အရေးယူပေးဖို့ အရင် တိုင်းမှူးဟောင်း သက်နိုင်ဝင်းဆီ တင်မယ်”
တကယ်လို့ တလအတွင်း ဗိုလ်ချုပ်သက်နိုင်ဝင်းက အရေးယူ ဆောင်ရွက်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအထိ တောင်းဆိုသွားမယ်လို့လည်း ဗိုလ်မှူးချုပ် စောတင်မိုသီ်က ပြောပါတယ်။
ဗိုလ်ချုပ်ကြီး စောထိန်မောင် ဦးဆောင်တဲ့ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီက တပ်ဖွဲ့ဝင် ၆ ဦးကို စစ်အစိုးရတပ်တွေက ပြီးခဲ့တဲ့ လကုန်ပိုင်းအတွင်း ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ဖမ်းဆီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၆ ဦး အခုလို ဖမ်းဆီး သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ ေပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် စောတင်မိုသီကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |