မြန်မာအစိုးရအပေါ် ကေအိုင်အို တုံ့ပြန် ကန့်ကွက်

ကချင်လွတ်မြောက်ရေး KIO အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို သောင်းကျန်းသူ၊ အကြမ်းဖက် အဖွဲ့အစည်းတွေလို့ ဦးသိန်းစိန် အစိုးရက သုံးနှုန်း ပြောဆိုတာကို ကန့်ကွက်တဲ့ အကြောင်း KIO က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

2011.08.17
kio-laiza-305-z ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့ပုံ
Photo: Kachin News Group

ဒ့ါအပြင် သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ ပြည်ပ အတိုက်အခံတွေ ပြည်တော် ပြန်လာခွင့်ပေးမယ် ဆိုတဲ့စကားဟာ လက်တွေ့မှာ စောင့်ကြည့်ဖို့ လိုတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အာအက်ဖ်အေကို ပြောပါတယ်။

ကချင်လူထုတွေနဲ့ KIO အကြား ဆက်စပ်မှှု မရှိအောင် ခွဲခြားလိုက်တဲ့ သဘောမျိုး ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာကြဖို့ ပြောဆိုနေပေမဲ့လည်း အဖြစ်သဘောပြောဆိုတာ ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များကိုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝိုင်းဝန်းလုပ်ဆောင်ကြမယ်၊ လက်နက်စွန့်ပြီး အတူတကွ လုပ်ဆောင်မယ်ဆိုပေမဲ့ တကယ်တန်း လက်တွေ့မှာ ဘာအာမခံချက်မှ မရှိကြောင်း ပြောဆိုပါတယ်။

၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄ ) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ KIO နဲ့ နဝတ အစိုးရ သဘောတူညီချက် စာချုပ်ပါ အချက်အလက်တွေကို အများသိအောင် ထုတ်ပြန်ပေးဖို့ KIO က တောင်းဆိုထားကြောင်းလည်း ဦးလနန်က ပြောပါတယ်။

လက်နက်ကိုင်နဲ့ အစိုးရကြား နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး သဘောတူထားတဲ့ အချက် ၈ ချက်ရှိပြီး အဆိုပါ အချက်တွေကို KIO အဖွဲ့က ချိုးဖောက်တဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်လာတယ်လို့ အစိုးရက ပြောဆိုကြောင်း၊ ဒါပေမဲ့ ၁၉၉၄ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အချက်တွေက ဒီအချက် ၈ ချက်နဲ့ ကိုက်ညီမှု မရှိခဲ့ကြောင်း သူက ပြောပါတယ်။

အဲဒ ီKIO ရဲ့ကြေညာချက်မှာ လက်ရှိ အစိုးရသစ်ဟာ နှစ်ပေါင်း ကြာရှည်နေပြီ ဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသား အရေးတွေကို အလေးမထားတာ တွေ့ရတယ်လို့လည်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။