တယ်လီဖုန်းလိုင်း ညံ့ဖျင်းမှု ကသာမြို့ခံများ ဆန္ဒပြ


2015.02.22

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေ ညံ့ဖျင်းလွန်းတာကြောင့် ကသာမြို့ခံ ၃ဝဝ လောက်က ဆက်သွယ်ရေး ဝန်ကြီးဌာနကို ဒီနေ့ ဆန္ဒပြကြပါတယ်။

ကသာမြို့နယ်မှာ တယ်လီဖုန်းလိုင်းတွေမကောင်းတာ သုံးလကျော်နေပြီ ဖြစ်တာကြောင့် ဆန္ဒပြတာဖြစ်တယ်လို့ ကသာ မြို့ခံ ဦးလှအောင်က ပြောပါတယ်။

"ကသာတစ်မြို့ထဲမဟုတ်ပါဘူး၊ ကသာခရိုင်ရှိသမျှမြို့နယ်တိုင်းမှာ ဒီလိုအခက် အခဲကြုံနေရပါတယ်၊ ဖုန်းကို တစ်တောင်အကွာလောက်မှာချပြီး နှစ်ခုကို ယှဉ်ခေါ်ကြည့်ရင်တောင်မှ ဆိုးဝါးတဲ့အခြေအနေ ကိုရောက်နေတယ်၊ အခုနောက်ပိုင်းမှာ ဖုန်းတွေကအများကြီးကျလာတော့ လိုင်းပျက်ပြီး အကြိမ် ၂၀၊ ၃၀ ခေါ်တောင်မှ တစ်ကြိမ်လောက်ပဲရတဲ့ အခြေအနေဖြစ်နေတယ်၊ ဒါမျိုးက ၃ လလောက်ရှိနေပြီပေါ့ဗျာ၊ ဒါကြောင့်မို့လို့ သည်းမခံနိုင်လို့၊ မကျေနပ်လို့ ကျနော်တို့အတွက် ဖုန်းဆက်သွယ်မှု ကောင်းမွန်ဖို့အတွက် တာဝန်ရှိတဲ့သူက အမြန်ဆုံးလုပ်ပေးဖို့ ဆန္ဒပြတာဖြစ်ပါတယ်"

ကသာမြို့နယ်မှာ MPT ရဲ့ GSM ဖုန်းတွေကို အသုံးများပြီး အင်းတော်၊ ဝန်းသို၊ ပင်လယ်ဘူး၊ ကောလင်းစတဲ့ မြို့တွေ မှာလည်း အခုတလော ဆက်သွယ်ရေးလိုင်းတွေမကောင်းဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။