ကလေးမြို့မှာ ဆွံ့အနားမကြားသူတစ်ဦး ပစ်သတ်ခံရ

2022.01.16
ကလေးမြို့မှာ ဆွံ့အနားမကြားသူတစ်ဦး ပစ်သတ်ခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ ကလေးမြို့က ကိုရဲရင့်ဇော်ကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အောင်မြေမာန်ရပ်ကွက် လျှပ်စစ်ရုံးအနီး လမ်းမပေါ်မှာ ဇန်နဝါရီ ၁၅ ရက် မနေ့ညက ကိုရဲရင့်ဇော် ဆိုသူဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။

ကိုရဲရင့်ဇော်ဟာ ဆွံ့အနားမကြားသူလည်းဖြစ် ကျန်းမာရေးလည်း မကောင်းတဲ့သူဖြစ်ကာ လမ်းသွားနေရင်းကနေ ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

"သူကလျှပ်စစ်ရုံးနား လမ်းပေါ်မှာသွားနေတာ အဲဒါကို စစ်တပ်က လျှပ်စစ်ရုံးထဲကနေ ပစ်လိုက်တာ၊ အဲဒီရုံးမှာက စစ်တပ်ရှိတယ်။ သေနတ်သံ လေးချက်လောက် ဆက်တိုက် ပစ်သံကြားရပြီးတော့ လမ်းမပေါ်လဲနေတာ တွေ့ရတယ်။ နောက်တော့ နာရေးကားတွေ လာခေါ်ကြတာ"

ဇန်နဝါရီ ၁၇ ရက် မနက်ဖြန် ဒိုးဝိုင်းချောင်းသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့သေဆုံးသူ ၁၁၁ ဦးရှိတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေ ပြုစုထားတဲ့စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။