ကလေးမြို့က သီးခြားခွဲနေရင်း သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့
မြင့်သူဝင်း
2021.01.25
2021.01.25
စစ်ကိုင်းတိုင်း ကလေးမြို့မှာ Home Quarantine အိမ်တွင်းကန့်သတ်နေထိုင်သူတစ်ဦး မနေ့မနက်က သေဆုံးသွားပါတယ်။
အိမ်မှာ သီးခြားကန့်သတ် စောင့်ကြည့်ထားတဲ့ အသက် ၈၀ ကျော် အမျိုးသမီး သေဆုံးတာဖြစ်ပြီး အလောင်းကို စစ်ဆေးကြည့်တော့မှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရတယ်လို့ ကလေးခရိုင် ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာစန်းမောင်က ပြောပါတယ်။
ရောဂါအခံရှိတာကို သူ့မိသားစု ပိုသိမယ့်အကြောင်းလည်း ပြောပါတယ်။ ကွယ်လွန်သွားသူကို ကာယကံမေတ္တာအသင်းနဲ့ ပုညကုသလ အသင်းတို့က ဒိုးဝိုင်းချောင်းသုသာန်မှာ မီးသဂြိုလ်ပေးခဲ့ပါတယ်။
ကလေးမြို့မှာ အတည်ပြုလူနာ စုစုပေါင်း အယောက် ၃၀ ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။