ကလေးမြို့နယ် NLD နိုင်ငံရေးအကျဉ်းသားတွေကို ကူညီ
2011.08.20
အဲဒီ NLD အဖွဲ့ဝင်တွေကို အကျဉ်းထောင်ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အကျဉ်းသားတွေနဲ့ စကားပြောခွင့် ပေးခဲ့တယ်လို့ ကလေးမြို့နယ် NLD အဖွဲ့ဝင် ဦးမောင်လှက ပြောပါတယ်။
“ကလေးမြို့ ထောင်မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသမားတွေကို မနေ့က အဝတ်အထည်၊ ပုဆိုး၊ သွားပြီးတော့ ကုသိုလ်ပြု ပေးကမ်းကြတာပေါ့ဗျာ။ အားလုံး အထည် ၆ဝ ကျော်တယ်ဗျ။ အစားအသောက်တွေ၊ အကျော်အလှော်တွေရော အပါအဝင်ပေါ့ဗျာ။ ချင်းတောင်နဲ့လည်း နီးတော့ အေးတဲ့ရာသီမှာလည်း အအေး ပိုတယ်ဗျ။ ခေါင်းစွပ်တို့ ခြေစွပ်တို့ စသဖြင့်၊ ဒီလိုလေးတွေလည်း ပေးကြတာရှိပါတယ်။ ထောင်အာဏာပိုင်တွေလည်း လက်ခံပေးပါတယ်။ ကျနော်တို့က ပေးပို့တယ်ဆိုတာ သိသွားအောင် အကျဉ်းသားတွေနဲ့ အစုအဖွဲ့အလိုက် တွေ့လို့ ရပါတယ်။ တွေ့တဲ့အချိန်လေးမှာ သူတို့ ဝမ်းသာကြောင်း၊ သူတို့ မိသားစုကို မှာကြားကြတာတွေ ပြောကြပါတယ်”
ကလေးမြို့အကျဉ်ထောင်ထဲမှာ ရွှေဝါရောင် သံံဃာ့လှုပ်ရှားမှု ဦးဆောင်သံဃာတပါး ဖြစ်ခဲ့တဲ့ အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂ဝ လောက် ရှိနေပါတယ်။
ကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဟာ ကလေးထောင်က နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုတွေ ထောင်ဝင်စာ လာရောက်တွေ့နိုင်ရေးအတွက် ငွေကြေးနဲ့ တခြား လူမှုရေး အကူအညီတွေ ပေးနေတယ်လို့ သိရပါတယ်။