အောင်သပြေရွာသား အိုးဘိုထောင်မှာ သေဆုံးခဲ့မှု စတင်စစ်ဆေး


2019.06.08
htun-myint-win-622 မန္တလေး အိုးဘိုထောင်ထဲမှာ သေဆုံးခဲ့တဲ့ ကိုထွန်းမြင့်ဝင်းရဲ့ ရုပ်အလောင်းကို မိသားစုဝင်များက ၂၀၁၉၊ ဇွန် ၆ ရက်နေ့က သယ်ဆောင်လာကြစဉ်
Photo: San Nyein Oo

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက အချုပ်သား ကိုထွန်းမြင့်ဝင်း သေဆုံး ခဲ့မှုနဲ့ပတ်သက်ပြီး ဌာနတွင်း စုံစမ်းစစ်ဆေးရေးဖွဲ့ကာ ဒီနေ့ စတင်စစ်ဆေးနေပြီလို့ နေပြည်တော် အကျဉ်းဦးစီးဌာန ဒု- ညွှန်ကြားရေးမှုး ဦးမင်းထွန်းစိုးက ပြောပါတယ်။

အောင်သပြေကျေးရွာအနီးမှာ အကောင်အထည်ဖော်နေတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ် မြေစက်ရုံကို ဖျက်သိမ်းဖို့အတွက် ကျေးရွာသားတွေက တောင်းဆိုဆန္ဒပြစဉ် မေလ ၁၅ ရက်နေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။

အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းကို အဲဒီပဋိပက္ခမှာ ပါဝင်ခဲ့တယ်ဆိုပြီး ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ၃ ရက်အကြာ ဇွန်လ ၅ ရက်နေ့က မန္တလေးဗဟိုအကျဉ်းထောင်ဆေးရုံမှာ သေဆုံးခဲ့ တယ်လို့ သိရပါတယ်။

အကျဉ်းဦးစီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ပြင်ပဒဏ်ရာ တွေနဲ့သွေးတွေ တွေ့ရှိရကြောင်း လူမှုကွန်ရက်မှာ ဖော်ပြထားတာကြောင့် သေမှုသေခင်း အမှုဖွင့်တာ၊ ရင်ခွဲစစ်ဆေးတာတွေ ဆောင်ရွက်နေပြီး ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ဖွဲ့စစ်ဆေးကာ အဖြစ်မှန်ပေါ်ပေါက်အောင် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ရှိသူတွေက ကိုထွန်းမြင့်ဝင်းဟာ အရက်ကြောင်ရောဂါကြောင့် သေဆုံးရတာလို့  ကနဦး အချိန်တုန်းက ထုတ်ပြန်ထားပေမယ့် အဖြစ်မှန်ကိုဖော်ထုတ်ပေးဖို့ မိသားစု ဝင်တွေက ဒီနေ့ မန္တလေးမြို့ မီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။