နိုင်ငံတကာက လေ့လာသူများ
2012.03.31

AFP
ထိုင်းနိုင်ငံ ပါလီမန်ရုံးကလာတဲ့ ကိုယ်စားလှယ် ၃ ဦးကတော့ ရွေးကောက်ပွဲအထိ မစောင့်တော့ဘဲ ပြန်လည် ထွက်ခွါသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ထိုင်းသတင်းမီဒီယာ အဖွဲ့တွေကတော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကို စောင့်ကြည့် သတင်းယူဖို့ ကျန်ရစ်ခဲ့ပါတယ်။
သြစတြေလျက လေ့လာသူ ၅ ဦးကတော့ ဧရာဝတီဒေသကို သွားရောက်မှာဖြစ်ပြီး၊ သြစတြေလျ သံအရာရှိ တစ်ဦးကတော့ မကွေးတိုင်းကို သွားမယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဆီယံ အတွင်းရေးမှုး မစ္စတာ စူရင်းပစ်ဆူဝမ်ကလည်း မြန်မာကြားဖြတ် ရွေးကောက်ပွဲကို အာဆီယံ၊ မဟာမိတ်နိုင်ငံများနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို လာရောက် လေ့လာဖို့ ဖိတ်ခေါ်တာကို ကြိုဆိုကြောင်း ဗန်ကောက်ပို့စ် သတင်းစာကို ဒီကနေ့ ပြောကြားခဲ့ပါတယ်။
အခုလို မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုမှာ အာဆီယံအနေနဲ့ ပါဝင်ကူညီခွင့်ရတာကို ကျေနပ်အားရမိကြောင်း၊ ဒီ နိုင်ငံရေးဖြစ်စဉ်က တစ်ဆင့် မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ စူရင်း ပစ်ဆူဝမ်က ပြောပါတယ်။