အင်းလေးကန် ထိန်းသိမ်းရေး သမ္မတသီးသန့်ရန်ပုံငွေကနေ သုံးစွဲဖို့ဆွေးနွေး
2017.03.10

ရှမ်းပြည်နယ်၊ အင်းလေးကန် ရေရှည်တည်တံ့ရေးလုပ်ငန်းအတွက် သမ္မတရဲ့သီးသန့်ရန်ပုံငွေကနေ ကျန်သန်း ၄၀၀ ခွဲဝေသုံးစွဲဖို့ ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၆ ဦးက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
လောပိတ လျှပ်စစ်ဓာတ်အားပေးစက်ရုံကိုဟာ အင်းလေးကန် ရေခမ်းရင် ရပ်ဆိုင်းသွားနိုင်တဲ့အတွက် အင်းလေးကန်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်သင့်တယ်လို့ ကိုယ်စားလှယ်အချို့က ဆွေးနွေးပါတယ်။
ယခင်သမ္မတ ဦးသိန်းစိန်လက်ထက်က အင်းလေးကန်အတွက် သောင်တူးစက်ကို ကျပ် သန်း ၁၀၀၀ နဲ့ ဝယ်ယူခဲ့ပြီး သန်း ၆၀၀ ကို ရှမ်းပြည်နယ်အစိုးရဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကကျခံပြီး ကျန်တဲ့ ကျပ်သန်း ၄၀၀ ကို သမ္မတသီးသန့် ရန်ပုံငွေကနေ သုံးစွဲဖို့ အစီအစဉ်နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်ကို လာမယ့် မတ်လ ၁၃ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းပြီးလွှတ်တော်ရဲ့ အတည်ပြုချက်ရယူမှာဖြစ်ပါတယ်။