သမ္မတရန်ပုံငွေသုံးစွဲမှု တင်ပြ


2017.05.18
parliament-620.jpg ပြည်ထောင်စုလွှတ်တော် မေလ ၁၈ ရက်နေ့ အစည်းအဝေး ကျင်းပနေစဉ်
.

နိုင်ငံတော်သမ္မတထံ ပေးပို့ထားတဲ့ ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ၂ဝ၁၆ ခုနှစ် ၊ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးပါ ဥပဒေပါ သီးသန့်ရန်ပုံငွေ ကျပ် သန်းတစ်သောင်းတစ်ထောင် သုံးရာကျော် ခွဲဝေသုံးစွဲတဲ့ကိစ္စကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဒုဝန်ကြီး ဦးလှကျော်က သီးသန့်ရန်ပုံငွေတွေကို ဘယ်လို အသုံးပြုခဲ့တယ် ဆိုတာ အခုလို တင်ပြခဲ့ပါတယ်။

"ပြည်နယ်ပျက်စီးဆုံးရှုံးမှုတွေအတွက် သီးနှံများပြန်လည်စိုက်ပျိုးရန်နဲ့ အစားထိုးစိုက်ပျိုးနိုင်ရေးအ တွက် တောင်သူလယ်သမားများ အားထောက်ပံ့ကြေးပေးရန် ကျပ်သန်းပေါး ၄၆၇၁.၁၅၅ သန်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးကြောင့် ပျက်စီးခဲ့ရတဲ့ တာတမံ၊ လမ်းတံ တားတွေ ပြန်လည်ပြုပြင်ဖို့နဲ့ သီးနှံချေးငွေတွေ စုစုပေါင်း ကျပ် သန်း (၁၁၃ဝဝ) တစ်သောင်းတစ်ထောင် သုံးရာကျော် အသုံးပြုဖို့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှာ ပြည်ထောင်စုအစိုးရကို တင်ပြခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေဆိုတာ ကြိုတင်မမျှော်မှန်းနိုင်တဲ့ အသုံးစရိတ်တွေ၊ ဘဏ္ဍာရေး နှစ် တစ်နှစ်အတွင်း မသုံးစွဲလို့မဖြစ်တဲ့ အသုံးစရိတ်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သုံးစွဲရတာဖြစ်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်ဝင်း ကလည်း လယ်ဆည်ဝန်ကြီးဌာနရဲ့ သုံးစွဲမှုကို တင်ပြခဲ့ပါတယ်။

ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ခေါင်းစဉ်အလိုက် အသေးစိတ်သုံးစွဲမှုကို တင်ပြတာမရှိခဲ့ပါဘူး။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေ ကျပ်ဘီလီယံ ၁ဝဝ ရှိပြီး အဲဒီရန်ပုံငွေ ထဲက ကျပ် ၅၆ ဘီလီယံနီးပါးကို အသုံးပြုထားပြီးဖြစ်ကာ ၄၄ ဘီလီယံ ကျော် ကျန်ရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။