အိန္ဒိယမှာ အကျဉ်းကျနေတဲ့ မြန်မာ နိုင်ငံသားတွေ ပြန်ရောက်


2013.07.10
အိန္ဒိယနိုင်ငံ ရေပိုင်နက်ထဲကို ဝင်ရောက်ကျူးကျော် ငါးဖမ်းမူနဲ့ အိန္ဒိယ အကျဉ်းထောင်ထဲမှာနှစ်အတော်ကြာနေခဲ့ရတဲ့ မြန်မာနိုင်ငံသား ရေလုပ်သား ၁၂၃ ယောက် ဇူလိုင် ၁၀ ရက်နေ့ က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာစဉ်။
Photo:RFA/Kyaw Lwin Oo

အိန္ဒိယနိုင်ငံ ရေပိုင်နက်ထဲကို ဝင်ရောက်ကျူးကျော် ငါးဖမ်းမှု နဲ့ အိန္ဒိယ အကျဉ်းထောင်ထဲမှာ နှစ်အတော်ကြာနေခဲ့ရတဲ့ မြန်မာနိုင်ငံသား ရေလုပ်သား (၁၂၃) ယောက်ဟာ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက် ရှိလာခဲ့ပါတယ်။

အဲဒီရေလုပ်သားတွေဟာ အိန္ဒိယနိုင်ငံ ကပ္ပလီကျွန်း ပို့ဘလဲယား မြို့အကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေဖြစ်ပြီး လွတ်ရက်စေ့တာကြောင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဦးစီးဋ္ဌာနကို အကြောင်းကြားတဲ့အတွက် ဒီကနေ့ ပြန်ရောက်လာကြ တာဖြစ်ပါတယ်။ ြ

ပြန်လည်လွတ်မြောက်လာတဲ့ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးမြို့က ကိုလှထွေးက သူတေ့ွကြုံရတာတွေကို RFA ကို ပြောပါတယ်။

"အိန္ဒိယနိုင်ငံရေကြောင်းကို ကျော်မိလို့ ထောင်နှစ်နှစ်နဲ့ခြောက်လ ချခံရပါတယ်။နောက်တစ်ခါတော့ ရေလုပ်ငန်းမလုပ်စားတော့ပါဘူး။မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းဒေသက တံငါသည်တွေကို အိန္ဒိယနိုင်ငံကို မရောက်မိစေဖို့ သတိပေးချင်ပါတယ်။ရောက်ခဲ့ရင်လည်း အိန္ဒိယနိုင်ငံက ထောင်သုံးနှစ်ကနေ ဆယ်နှစ်ချနေပါတယ်။"

အဲဒီရေလုပ်သားအများစုဟာ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ စတဲ့ဒေသတွေက ငါးဖမ်းသမား ရေလုပ်သားတွေဖြစ်ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံအကျဉ်းထောင်တွေမှာ ရေပိုင်နက်ကျူးကျော်မှု နဲ့ တရားစွဲဆိုခံထားရသူ မြန်မာနိုင်ငံသား ၈၀၀ ကျော်ရှိနေသေးတယ်လို့ လေဆိပ်မှာလာရောက်ကြိုဆိုတဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။