မြန်မာကို တရုတ် သြဇာလွှမ်းမိုးမှု အိန္ဒိယဝေဖန်


2015.03.19

တရုတ်ပြည်ဟာ မြန်မာနဲ့ ပါကစ္စတန်နိုင်ငံတွေအပေါ်ရှိနေတဲ့ သူ့ရဲ့ သြဇာကိုသုံးစွဲပြီး၊ အိန္ဒိယသမုဒ္ဒရာကို တိုးချဲ့ဖြန့် ကျက်နိုင်ဖို့ ကြိုးစားနေတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနရဲ့ နှစ်လည်အစီရင်ခံစာက ဖေါ်ပြလိုက်ပါတယ်။

အိန္ဒိယအနေနဲ့ ကာလကြာရှည် ထိန်းချုပ်ထားတဲ့ ဒေသရဲ့လုံခြုံရေး စိတ်ချရအောင် ဆောင်ရွက်သွားမယ် လို့လည်း ကြွေးကြော်လိုက်ပါတယ်။

တရုတ်ပြည်ဟာ အိန္ဒိယရဲ့ အနီးအဝေးဒေသတွေမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ထိတွေ့ဆက်ဆံမှုတွေနဲ့ ခြေလှမ်း ကြဲကြဲလှမ်းနေကြောင်း၊ အိန္ဒိယသမုဒ္ဒရာတွင်းကို တိုးချဲ့ဝင်ရောက်လာနိုင်ဖို့ ကြိုးပမ်းနေတဲ့နေတဲ့ တရုတ်ရဲ့ စစ်ရေးပုံရိပ်ကို သတိကြီးကြီးနဲ့ ဆက်လက်စောင့်ကြပ်ကြည့်ရှုနေမှာဖြစ်ကြောင်း လည်း ဖေါ်ပြထားပါတယ်။

တရုတ်ဟာ ပါကစ္စတန်မှာ နျူကလီးယားဓါတ်အားပေးစက်ရုံတွေ၊ မြန်မာမှာ ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း၊ သိရိလင်္ကာမှာ ဆိပ်ခံစတာတွေ တည်ဆောက်ရာမှာ ကူညီပေးခဲ့ပါတယ်။ မနှစ်က အိန္ဒိယ ကမ်းရိုးတန်နဲ့ မိုင် ၂ဝဝ သာဝေးတဲ့ သီရိလင်္ကာ ကိုလံဘိုမြို့ကို တရုတ်ရေငုတ်သင်္ဘောတွေ နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့တဲ့အပေါ် အိန္ဒိယက ကန့်ကွက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။