အိန္ဒိယ ကောင်စစ်ဝန်ရုံး စစ်တွေမှာ စတင်ဖွင့်လှစ်


2014.08.15
India-consulate-office-sittwe-305.jpg ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အိန္ဒိယကောင်စစ်ဝန်ရုံးကို သြဂုတ်လ ၁၅ ရက်နေ့ အိန္ဒိယနိုင်ငံရဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ စတင်ဖွင့်လှစ်စဉ်
Photo: Min Thein Aung/RFA

ဒီနေ့မှာ ကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အိန္ဒိယကောင်စစ်ဝန်ရုံးကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ အိန္ဒိယနိုင်ငံ အလံလွှင့်တင်ပြီး စတင်ဖွင့်လှစ်လိုက်ပါတယ်။

စစ်တွေမြို့မှာ အိန္ဒိယကောင်စစ်ဝန်ရုံး ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး အိန္ဒိယကောင်စစ်ဝန် Mr. Narinder Singh က သတင်းထောက်တွေကို အခုလိုရှင်းပြခဲ့ ပါတယ်။

"အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံဟာ နိုင်ငံရေး ယဉ်ကျေးမှုချင်း ဆက်နွယ်မှုတွေ ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာ နိုင်ငံနဲ့ အမြဲတမ်းမိတ်ဆွေ ဖြစ်လိုပါတယ်။ ရခိုင်ပြည် နယ်မှာ ဆောင်ရွက်အကောင်အထည်ဖော်နေတဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းဟာ နှစ်နိုင်ငံကို ချိတ်ဆက်မယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။”

ကုလားတန်မြစ်ကြောင်း စီမံကိန်းမှာပါတဲ့ စစ်တွေ ဆိပ်ကမ်းကို ဒီနှစ်ဒီဇင်ဘာလမှာ အပြီးသတ်မှာ ဖြစ်ပြီး ပလက်ဝဆိပ်ကမ်းကို လာမယ့်နှစ် ဧပြီလမှာ အပြီးသတ်မှာဖြစ်တယ်လို့လည်း အိန္ဒိယ ကောင်စစ်ဝန် Mr. Narinder Singh ကပြောပါတယ်။

စစ်တွေမြို့က အိန္ဒိယကောင်စစ်ဝန်ရုံးရဲ့ ရုံးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က စတင်လည်ပတ်ခဲ့ တာဖြစ်ပေမယ့် ဒီကနေ့ စစ်တွေမြို့ မြောက်စံပြရပ်ကွက်က တော်ဝင်နှင်းဆီအိမ်ရာမှာ အိန္ဒိယနိုင်ငံရဲ့အလံကို လွှင့်ထူပြီး ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။