မဏိပူပြည်နယ် အင်ဖားမြို့နဲ့ မန္တလေးအကြား ဘတ်စကားပြေးမယ်
2012.01.02
အဲဒီအတွက် မြန်မာနိုင်ငံကနေ ဘတ်စကားနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး မဏိပူပြည်နယ် အင်ဖားမြို့ကို လာရောက်မယ့် ခရီးသည်တွေကို မန္တလေးမြို့မှာရှိတဲ့ အိန္ဒိယ ကောင်စစ်ဝန်ရုံးက ဗီဇာ ထုတ်ပေးမှာဖြစ်ပါတယ်။
အပြန်အလှန်အားဖြင့် အိန္ဒိယပိုင် မဏိပူပြည်နယ် အင်ဖားမြို့မှာ ဗီဇာရုံး လာရောက်ဖွင်လှစ်ဖို့ အိန္ဒိယ အစိုးရက မြန်မာအစိုးရကို ပြောဆိုထားကြောင်း အိန္ဒိယ မြန်မာ နယ်စပ်အရေး လေ့လာသူတစ်ဦးက ပြောပါတယ်။
“နှစ်နိုင်ငံ အစိုးရအနေနဲ့ အကြမ်းဖျင်း သဘောတူတယ်။ မြန်မာဘက်က လာပြီး ဗီဇာရုံးကို အင်ဖာမှာဖွင့်ဖို့၊ ခွင့်ပြုချက်ရင် အင်ဖားကနေ ကားနဲ့ မြန်မာနယ်စပ် မိုးရေးကို သွားမယ်။ အဲဒါပြီးရင် ဟိုဘက်ကမ်းကို ကူးပြီးရင် တမူး-နန်းဖာလုံကနေ မန္တလေးကို မြန်မာပြည်က ကားနဲ့ ပြန်သွားမယ်။ အိန္ဒိယက ကားက ဘယ်မောင်း၊ မြန်မာပြည်က ညာမောင်း။ တိုက်ရိုက် သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နှစ်နိုင်ငံ ကားတွေ မလွယ်ဘူး”
အဲဒီလို နှစ်နိုင်ငံအကြား ဘတ်စ်ကားလိုင်း ပြေးဆွဲမယ်ဆိုရင် မဏိပူပြည်နယ် အပါအဝင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ တစ်ခုလုံးက မြန်မာနိုင်ငံနဲ့ ကူးလူး ဆက်ဆံမှုတွေ ရှိလာမှာဖြစ်သလို မြန်မာနိုင်ငံဘက်ကနေလည်း ဗုဒ္ဓဂယာ ဘုရားဖူး ခရီးစဉ်တွေကိုလည်း နယ်စပ်ဖြတ်ကျော်ပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ သွားလာနိုင်ပါမယ်။
ဒါအပြင် မန္တလေးတဝိုက်မှာ ရှေးရှေးကတည်းက နေထိုင်လာကြတဲ့ မဏိပူ ကသည်း အနွယ်တွေလည်း မဏိပူပြည်နယ်ကို တရားဝင် သွားရောက်နိုင်မှာ ဖြစ်ပါတယ်။