နိုင်ငံရေးမှာ လူငယ်နဲ့ အမျိုးသမီးတွေကို ဦးဆောင်ခွင့်ပေးဖို့ ICG တိုက်တွန်း

RFA Burmese
2023.02.16
နိုင်ငံရေးမှာ လူငယ်နဲ့ အမျိုးသမီးတွေကို ဦးဆောင်ခွင့်ပေးဖို့ ICG တိုက်တွန်း ၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့က မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည့် အမျိုးသမီးများ။
AFP

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တော်လှန်နေတဲ့ လူငယ်လူရွယ်တွေ အသိအမှတ်ပြုမခံရဘဲ နိုင်ငံရေးကနေ ဖယ်ထုတ်ခံထားရတယ်လို့ ICG လို့ ခေါ်တဲ့ နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

လူငယ်လူရွယ်တွေ အထူးသဖြင့် အမျိုးသမီးငယ်တွေဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တော်လှန်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြပေမယ့် သူတို့ရဲ့ အခန်းကဏ္ဍအတွက် ထိုက်သင့်သလောက် အသိအမှတ်ပြု မခံကြရဘဲ နိုင်ငံရေးထဲက ဖယ်ထုတ်ခံထားရတယ်လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ပြန်တဲ့ ICG အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

47f6d9d4-6b89-4f80-99b6-28dd550f3beb.jpeg
ရန်ကုန်မြို့တွင်၂၀၂၂ ခုနှစ် မတ်လ ၈ ရက်က အမျိုးသမီးများ ဦးဆောင်ဆန္ဒပြစဥ်။ (Photo: YRF)

မြန်မာ့နိုင်ငံရေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ကလွဲရင် လူကြီးပိုင်း အမျိုးသားတွေကပဲ ကြီးစိုးထားပြီး နိုင်ငံရေးမူဝါဒတွေဟာ အမျိုးသမီးနဲ့ လူငယ်တွေအတွက် အကျိုးမရှိတဲ့ မူဝါဒမျိုးတွေပဲ ဖြစ်နေတဲ့အကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG လို အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေမှာတောင် လူငယ်တွေရဲ့ခေါင်းဆောင်ပါဝင်မှု မရှိဘဲ လူကြီးပိုင်း အမျိုးသားတွေကပဲ လွှမ်းမိုးနေဆဲ ဖြစ်နေတာ တွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

f51406d7-546a-45a4-a12b-1abf4b512fd3.jpeg
၂၀၂၂ ခုနှစ် ဇွန်လလယ်ပိုင်းက မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြနေတဲ့ အမျိုးသမီးသပိတ်စစ်ကြောင်းတစ်ခုကို တွေ့ရစဉ်။ (Photo: Citizen Journalist)

NUG နဲ့ NUCC လို အဖွဲ့အစည်းတွေအနေနဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေကို ဝတ်ကျေတမ်းကျေ နေရာပေးတဲ့ အခြေအနေကို ကျော်လွန်ပြီး၊ အမှန်တကယ် ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ အခွင့်အာဏာပေးအပ်သင့်ကြောင်းနဲ့ အမျိုးသားကြီးစိုးတဲ့ အခြေအနေကနေ လျော့ကျလာတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဖြစ်လာဖို့ လိုအပ်တယ်လို့ Crisis Group ရဲ့အကြံပေး Tom Kean က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။