ကောလာဟလ ဖန်တီးသူတွေကို အရေးယူမည်


2017.05.04
winhtein-620.jpg NLD ပါတီ အတွင်းရေးမှူး ဦးဝင်းထိန်ကို မေလ ၄ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှုတ်ထွက်တယ်ဆိုတဲ့သတင်း၊ သူရဦးရွှေမန်းကို သမ္မတအဖြစ်ခန့်ဖို့ ဒေါ်အောင် ဆန်းစုကြည် နိုင်ငံခြားခရီးစဉ် ပြန်အလာကို စောင့်နေတယ်ဆိုတဲ့ သတင်းဖြန့်ချိသူတွေကို အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားတယ်လို့ NLD ပါတီ အတွင်းရေးမှူး ဦးဝင်းထိန် က ပြောပါတယ်။

အခြေအနေပေါ်မူတည်ပြီး တရားစွဲဆိုမှုကို ကိုယ်တိုင်ဆောင်ရွက်သွားဖို့လည်း ရှိတယ်လို့ပြောပါတယ်။

အခုလိုသတင်းတွေ ထွက်ပေါ်တာဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂို္ဂလ်  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြား ခရီးစဉ်နဲ့ တိုက်ဆိုင်နေပြီး  အခုဖြစ်ပေါ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ ယူဆတဲ့အတွက်  အခုလိုအရေးယူဖို့ လုပ်ဆောင်တာလို့လည်း ပြောပါတယ်။

အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာကို အင်န်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ ဦးဝင်းထိန် က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်ကလည်း ဦးဝင်းထိန် ကျန်းမာရေးမကောင်းလို့ ပါတီကနှုတ်ထွက်တယ်ဆိုတဲ့ အင်န်အယ်လ်ဒီ ပါတီတံဆိပ်တုံးနဲ့ လူမှုကွန်ရက်တင်ခဲ့တယ်ဆိုပြီး ပဲခူးက ဦးဖိုးထောင် ဆိုသူကို တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။