ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတ အဖြစ် တင်မြှောက်


2016.03.15
president.jpg နိုင်ငံတော်သမ္မတ ဦးထင်ကျော် (အပေါ်)နဲ့ ဒုတိယသမ္မတ ၂ ဦးကို တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေက ဦးထင်ကျော် ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက် လိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ ၆၅၃ ဦးရှိရာမှာ ၆၅၂ ဦး တက်ရောက်ပြီး ဆန္ဒမဲပေးခဲ့ကြပါတယ်။

ဦးထင်ကျော်က မဲအရေအတွက် (၃၆၀) ၊ ဦးမြင့်ဆွေ က(၂၁၃) မဲနဲ့ ဦးဟင်နရီ ဗန်ထီးယူက (၇၉ ) မဲ အသီးသီးရရှိ ပြီး ဦးထင်ကျော်က မဲအများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းမှာ ဦးဆောင်တာဝန် ယူခဲ့သူဖြစပြီး ၁၉၉၂ ခုနှစ်လောက်ကတည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နိုင်ငံရေးတာဝန်တွေ ထမ်းဆောင်ခဲ့သူလို့ သိရှိရပါတယ်။

သူဟာ ဆရာကြီး မင်းသုဝဏ်ရဲ့  သားဖြစ်ပြီး သူရဲ့ငယ်နာမည် “ဒလဘန်း” အမည်နဲ့  စာရေးသားသူ ဖြစ်သလို စီးပွားရေး မဟာဝိဇ္ဖာဘွဲ့ရရှိပြီး အင်္ဂလန်မှာလည်း ပညာသင်ကြားခဲ့ပါတယ်။

သမ္မတရွေးချယ် တင်မြှောက်တဲ့ နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးဟာ ခွပ်ဒေါင်းပုံ ဆံထိုးတွေကို ဆင်တူ ထိုးထားကြတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။