ဒုတိယသမ္မတ နှစ်ဦးကို ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆို


2016.04.02
vice-president-protest-620.jpg ဒုတိယသမ္မတ နှစ်ဦးကို ဖယ်ရှားပေးဖို့ ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ တောင်းဆိုဆန္ဒပြနေစဉ်
Photo: Aung Thain Kha/ RFA

ဒုတိယသမ္မတ ဦးဟန်နရီ ဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ကို တာဝန်ကနေ ဖယ်ရှားပေးဖို့ သံဃာတော်တွေ အပါအဝင် လူပုဂ္ဂိုလ် ၂၀ လောက်က ဆန္ဒပြတောင်းဆိုကြပါတယ်။

NLD အစိုးရကို ကန့်ကွက်တာ မဟုတ်ဘဲ တိုင်းရင်းသားတွေကို ကိုယ်စားပြုနိုင်သူတွေကို အစားထိုးခန့်အပ်ပေး ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးနောင်တော်လေးက ပြောပါတယ်။

"ကျနော်တို့ဒီနေ့လုပ်တာက အခုဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့အစည်းထဲမှာ နိုင်ငံတော်ရဲ့အကြီးအမှူးနေရာနဲ့ မထိုက်တန်သူတွေကို ကျနော်တို့ကကန့်ကွက်တာ၊ ကျနော်တို့က NLD အစိုးရကို ကန့်ကွက်နေတာ မဟုတ်ကြောင်း ဒီနေရာကနေ အတိအလင်းကြေညာပါတယ်၊ ကျနော်တို့လုပ်ဆောင်တာ အဂတိလိုက်စားမှု ကင်းရှင်းတဲ့ သမ္မတမျိုးကိုလိုလားတယ်၊ တိုင်းရင်းသားပြည်သူအများစုကို ကိုယ်စားပြုနိုင်တဲ့ သမ္မတမျိုးကို လိုလားတယ်"

ဒုတိယသမ္မတ နှစ်ဦးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံတော်သမ္မတ နဲ့ ဒုတိယသမ္မတတွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု မရှိကြောင်းလည်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲမှာ မျိုးချစ် သံဃာတော်များ သမဂ္ဂ (ရန်ကုန်) က သံဃာတော်တွေ နဲ့ လူ ၂၀ ကျော်လောက် ပါဝင်ခဲ့ကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။