HRDP ကို တရားဝင် မှတ်ပုံတင်မည်

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စပြီး မြန်မာနိုင်ငံတဝှမ်းမှာ လူ့အခွင့် အရေးလုပ်ငန်းတွေ ဆောင်ရွက် လာခဲ့တဲ့ HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ယက်ကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရားဝင်မှတ်ပုံတင် ပြီး နိုင်ငံတကာအဆင့်မီ NGO တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်သွားမယ်လို့ ရှမ်းပြည်နယ် မှာ ရောက်ရှိနေတဲ့ HRDP အဖွဲ့ရဲ့ အကြီးအကဲ ရှေ့နေဦးမြင့်အေးက RFA ကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒီကနေ့ ပြောကြားပါတယ်။

2012.12.16
hrdp-burma လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် HRDP ရဲ့ လက်ကမ်းကြေညာစာတမ်း။
ံHRDP

HRDP ကွန်ရက်အနေနဲ့ မကြာခင်မှာ ညီလာခံတစ်ရပ်ခေါ်ယူပြီး ဒါရိုက်တာအဖွဲ့နဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေရေး ဆွဲပြီး တရားဝင်မှတ်ပုံတင်သွားမှာဖြစ်တယ်လို့ ဦးမြင့်အေးက ပြောပါတယ်။

အခုလောလောဆယ်မှာတော့ ရှေ့နေဦးမြင့်အေး ဦးဆောင်တဲ့ HRDP ကွန်ရက်အဖွဲ့ဟာ ရှမ်းပြည်နယ် တောင်ပိုင်းက မြို့နယ်တချို့နဲ့ ကယားပြည်နယ်မှာ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေ သွားရောက်ပြုလုပ်နေပါတယ်။

HRDP လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်ကို ၂၀၀၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး၊  ပြည်နယ်နှင့်တိုင်း(၉) ခုက၊ မြို့ပေါင်း ၁၂၅ မြို့ကထောင်နဲ့ချီတဲ့ ကွန်ရက်အဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေး လုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားဆောင်ရွက်နေကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။