မွန်ပြည်နယ်က အမျိုးသမီးပါတီ အမည်ပြောင်း မှတ်ပုံတင်မည်


2015.05.30
mon-620 ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပရာ မွန်အမျိုးသမီးလူငယ်များကို တွေ့ရစဉ်
photo:Kyaw Lwin Oo/ RFA

မွန်ပြည်နယ်က အမျိုးသမီးတွေချည်း သီးသန့်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီကို  အမျိုးသမီးပါတီ (မွန်) လို့ အမည်ပြောင်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အရင်က အမျိုးသမီးပါတီအဖြစ် တင်ထားတာကို အမည်ပြောင်းပေးဖို့  အကြောင်းကြားခဲ့တဲ့အတွက် အမျိုးသမီးပါတီ( မွန်) ဆိုတဲ့ အမည်နဲ့ မှတ်ပုံတင်သွားမယ်လို့ ပါတီ ဥက္ကဌ ဒေါ်မိသန်းရှင်က ပြောပါတယ်။

"နာမည်ပြောင်းခိုင်းတယ် ဒါပေမဲ့ ကျမတို့က နာမည်မပြောင်းဘူးပေါ့နော်၊ ရှေ့မှာတစ်လုံးထည့်ပေး တဲ့ ရှေ့မှာတစ်လုံးမထည့်နိုင်ရင်လည်း နောက်မှာတစ်လုံးထည့်ပေး အဲ့လိုမျိုးပြောတော့လေ ကျမတို့ အနောက်ဘက်မှာပဲ ကွင်းစကွင်းပိတ်နဲ့ (မွန်) တစ်လုံးထည့်ပေးထားတယ်၊ အဲ့ဒါ (မွန်)ရဲ့အဓိပ္ပါယ်ကတော့ မွန်ဒေသမှာ အခြေစိုက်တာပေါ့ လောလောဆယ်ပေါ့နော်၊ နောက်ပိုင်းကျတော့လည်း ကျမတို့ လုပ်ငန်းအဆင်ပြေမယ်ဆိုရင်လည်း တိုးချဲ့ပြီးအစိုးရ ခွင့်ပြုလို့ရှိရင် ကျမတို့ တိုးချဲ့ပြီးသွားမှာပေါ့"

ပါတီအဖွဲ့ဝင် တစ်ထောင်အဖြစ် တင်ပြသွားမှာဖြစ်ပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

အမျိုးသမီးပါတီ (မွန်) မှာ အမျိုးသမီးတွေကို ပါတီဝင်အဖြစ်လက်ခံမှာဖြစ်ပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ တိုးချဲ့သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။ သူတို့ ပါတီကို ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် အောက်တိုဘာလက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။