ဖားကန့်က CDM ပညာရေးဝန်ထမ်း ၉၆၁ ဦး အလုပ်ထုတ်ခံရ

2021.05.28
ဖားကန့်က CDM ပညာရေးဝန်ထမ်း ၉၆၁ ဦး အလုပ်ထုတ်ခံရ ဖားကန့်မြို့နယ် ပညာရေးမိသားစု သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြစဉ်
Photo: RFA
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ပညာရေး ဝန်ထမ်း ၉၆၁ ဦး ယာယီထုတ်ပယ်ခံလိုက်ရတယ်လို့ ထုတ်ပယ်ခံရတဲ့အထဲပါဝင်တဲ့ ဆရာ၊ ဆရာမတွေက RFA ကို ဒီနေ့ ပြောပါတယ်။
 
အလုပ်ကနေ ယာယီရပ်ဆိုင်းကြောင်း ကချင်ပြည်နယ်ပညာရေးမှူး ဦးကျော်မိုးထွန်းက မေလ ၁၂ ရက်နေ့ ကပင် ထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် အဲဒီစာကို မြို့နယ်ပညာရေးမှူးရုံးက သိမ်းထားတာကြောင့် ဒီနေ့ မေလ ၂၈ ရက်နေ့မှာမှ သိခွင့်ရခဲ့ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
 
ဖားကန့်မြို့နယ်တစ်ခုလုံးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ပညာရေး ဝန်ထမ်းပေါင်း ၁၀၁၄ ယောက်အထိရှိပြီး အဲဒီအထဲမှာ ယာယီ အလုပ်ရပ်နားတဲ့အထဲ မပါဝင်တာ ၃၅ ဦးလောက်ပဲ ကျန်တော့ တယ်လို့ အမည်မဖော်လိုတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။
 
ဖားကန့်မြို့နယ်တစ်ခုလုံးမှာ စာသင်ကျောင်း စုစုပေါင်း ၁၃၃ ကျောင်းရှိပြီး ပညာရေးဝန်ထမ်းပေါင်း ၁၇၂၄ ဦး ရှိတဲ့အထဲက ၁၀၁၄ ဦးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။