အီရန်မှာ အဖမ်းခံရတဲ့ မြန်မာသင်္ဘောသားတွေ ပြန်လွတ်ရေး အစိုးရကြိုးပမ်း

2021.01.07
အီရန်မှာ အဖမ်းခံရတဲ့ မြန်မာသင်္ဘောသားတွေ ပြန်လွတ်ရေး အစိုးရကြိုးပမ်း အီရန်နိုင်ငံက ဖမ်းဆီးထားသော တောင်ကိုရီးယားပိုင် ရေနံတင်သင်္ဘောကို ၂ဝ၂ဝ ဒီဇင်ဘာလကုန်ပိုင်းက တွေ့ရစဉ်။
Photo: AFP

အီရန်မှာ အဖမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၁၁ ယောက် ပြန်လည် လွတ်မြောက်ရေးအတွက် သံတမန်နည်းအရ ကြိုးပမ်းနေတယ်လို့ မြန်မာအစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သူတို့ အမြန်ပြန်လွတ်မြောက်ရေးအတွက် တောင်ကိုးရီးယားနိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံရှိ အီရန်သံရုံးတွေနဲ့လည်း ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံထားရသူတွေ ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး ဘေးကင်းလုံခြုံတဲ့နေရာမှာ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံပိုင် ရေနံတင် သင်္ဘောတစ်စီးကို သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ရေနံဓာတု ထုတ်ကုန်တွေ သယ်ဆောင်လာတယ်ဆိုပြီး အီရန် လက်နက်ကိုင်တောင်လှန်ရေး အစောင့်တပ်တွေက အီရန်ဟော်မုဇ်ရေလက်ကြားမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသင်္ဘောမှာ မြန်မာနိုင်ငံသား ၁၁ ဦးအပါအဝင် တောင်ကိုးရီးယား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်က သင်္ဘောသား အယောက် ၂၀ လိုက်ပါသွားတာပါ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ဒီရေနံတင်သင်္ဘော ဖမ်းဆီးထားတာကို အီရန်ဘက်က ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။