မြန်မာသင်္ဘောသားတွေ ထိုင်းကယ်တင်


2017.05.26

မလေးရှားနိုင်ငံ ပီနန်းမြို့ကနေ မြန်မာနိုင်ငံ မြိတ်မြို့ကို ခုတ်မောင်းလာတဲ့ အောင်စိန်မြတ် ကုန်တင်စက်လှေ တစင်းဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့နားက ရာချာနွိုင်ကျွန်းနားမှာ ဗုဒ္ဓဟူးနေ့လည်က မုန်တိုင်းမိပြီး လှိုင်းလေကြီးလို့ နစ်မြုပ်လုဆဲဆဲမှာ သင်္ဘောသားတွေကို ထိုင်းငါးဖမ်းသင်္ဘောတစ်စင်းက ကယ်ဆယ်လိုက် တယ်လို့ သိရပါတယ်။

စက်လှေပေါ်မှာ သင်္ဘောသား ၁၅ ယောက်နဲ့အတူ၊ စားအုန်းဆီ၊ ဘိလပ်မြေနဲ့ အခြားကုန်တွေ ပါလာတယ်လို့ ဆိုပါတယ်။ သူတို့ စက်လှေကို မေလ ၁၈ ရက်နေ့မှာ ပီနန်းကနေထွက်လာပြီး၊ လာမယ့်စနေနေ့မှာရောက်ဖို့ ခန့်မှန်းထားတာပါ။

အခုတော့ သင်္ဘောသားတွေကို ဖူးကက်မြို့က လူမှုဖူလုံရေးစခန်းမှာ စောင့်ရှောက်ထားပြီး၊ သူတို့ဆီမှာ လိုအပ်တဲ့ တရားဝင်စာရွက်စာတမ်းတွေရှိတယ်လို့ ဖူးကက်ရေကြောင်းရဲအရာရှိက ပြောပါတယ်။ သူတို့ကိုပြန်ပို့နိုင်ဖို့ ကုမ္ပဏီရဲ့အစီအစဉ်ကို စောင့်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။