ရမ်းဗြဲ မြို့နယ် မီး အိမ်၂၀၀ ပျက်စီး

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ရမ်းဗြဲမြို့နယ်က ရေလုပ်ငန်းနဲ့ အသက်မွေးမြူတဲ့ အိမ်ခြေ ၁၅၀၀ ရှိ ကျောက်နီမော်ရွာကြီးမှာ မနေ့ညက မီးလောင်လို့ အိမ်ခြေ ၂၀၀ လောက် ပျက်စီး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

2011.11.02

ရွှေပုစွန်ခြောက် လုပ်ဖို့ ညဘက် ပုစွန်ပြုတ်ရာကနေ လောင်ကျွမ်းကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

ကျောက်နီမော်ကျေးရွာ ရဲကင်းကို ဆက်သွယ် မေးမြန်းရာမှာလည်း မီးလောင်မှု ဖြစ်ပွားကြောင်း၊ အိမ်ခြေ အပျက်အစီး အတိအကျ မပြောနိုင်သေးကြောင်း၊ အတည်ပြုပြောဆိုပါတယ်။

မီးဘေးဒုက္ခသည်တွေကို ကျေးရွာမူလတန်းကျောင်းတွေမှာ နေရာချထားပြီး ရပ်ရွာကပဲ လောလောဆယ် ထမင်းထုပ်တွေ ပို့ပေးတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကတော့ ခုထိ ရောက်မလာသေးဘူးလ့ို သိရပါတယ်။

ကျောက်နီမော်ကျေးရွာဟာ ၁၉၉၈ ဖေဖေါ်ဝါရီလ ၁၅ ရက်က တစ်ကြိမ် မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပြီး အဲဒီတုန်းက အိမ်ခြေ ၁၂၀၀ လောက် ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

အဲဒီတုန်းက နိုင်ငံတော်က အကွက်ချ ပြန်လည် နေရာချထားပေးတဲ့ ပေ ၅၀ x ၃၀ မြေကွက်တွေကို ကျေးရွာ အာဏာပိုင် အဆက်ဆက်က တစ်ကွက်မှာ နှစ်လုံးကနေ သုံးလုံးထိ ဥပဒေမဲ့ ဆောက်လုပ် နေထိုင်ခွင့် ပေးတဲ့အတွက် အိမ်ခြေကျပ်ပြီး လွယ်လွယ်ကူကူ မီးကူးစက်ရတာလို့လည်း ဒေသခံတွေက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။