ငလျင်ဘေးအတွက် တရုတ်အစိုးရက ယွမ်သန်းတစ်ရာ ကူညီမည်

RFA Burmese
2025.03.29
ငလျင်ဘေးအတွက် တရုတ်အစိုးရက ယွမ်သန်းတစ်ရာ ကူညီမည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ ရန်ကုန်လေဆိပ်သို့ မတ်လ ၂၉ရက် မနက်ပိုင်းက ရောက်ရှိလာစဉ်။
တရုတ်သံရုံး

တရုတ်အစိုးရက မြန်မာနိုင်ငံကို ငလျင်ဘေးအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ယွမ်သန်းတစ်ရာ ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မတ်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ငလျင်ဒဏ် အပြင်းအထန်ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံကို ကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့ စေလွှတ်ပြီး တဲ၊ စောင်၊ အရေးပေါ်ဆေးဘက် ဆိုင်ရာပစ္စည်း၊ အစားအစာစတဲ့ အရေးတကြီးလိုအပ်တဲ့ ပစ္စည်းတွေလည်း ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရက ပထမအသုတ် အကူအညီပစ္စည်းတွေကို မတ်လ ၃၁ ရက်နေ့မှာ စတင်ပို့ဆောင်မှာဖြစ်သလို မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေအရ နောက်ထပ်အကူအညီတွေ ဆက်လက် ပံ့ပိုးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ ပြည်ပအကူအညီတွေရရှိဖို့ လမ်းဖွင့်ထားတယ်လို့ မတ်လ ၂၈ ရက်ညမှာ နိုင်ငံပိုင် မီဒီယာကတစ်ဆင့် ပြောထားပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၁၀၀၂ ဦးရှိပြီး ဒဏ်ရာရသူ ၂၃၇၆ ဦးရှိကာ ပျောက်ဆုံးနေသူ ၃၀ ရှိတယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက်နေ့လယ်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။