ဧရာဝတီတိုင်းမှာ သွေးလွန် တုပ်ကွေးကြောင့် သေဆုံးသူ ၂၂ ဦး အထိရှိ
2017.07.26

ဧရာဝတီတိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁ သောင်းကျော်ရှိနေပြီး သေဆုံးသူ ၂၂ ယောက် ရှိနေတဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ သေဆုံးသူ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
ဟသာၤတမှာ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ဝါးခယ်မမှာ သေဆုံးသူ အများဆုံးဖြစ်နေတာလို့ ဧရာဝတီ တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး က ပြောပါတယ်။
"သေဆုံးသွားတဲ့ အရေအတွက်ကတော့ ၂၂ ယောက်ဖြစ်ပါပြီ၊ တိုင်းဒေသကြီးတစ်ခုလုံးမှာ ဖြစ်ပါတယ်၊ ဟင်္သာတမှာ ဖြစ်ပွားတာ ဖြစ်ပေမယ့် လည်း သေဆုံးမှုအများ ဆုံးက ဝါးခယ်မမြို့နယ်မှာ ဖြစ်နေတာရှိ ပါတယ်၊ ဖြစ်ပွားတာ ၁ သောင်းကျော်ကျော်လောက်ရှိပါပြီ"
အစိုးရအဖွဲ့အနေနဲ့ ဆေးဖြန်းတာတွေ၊ ဆေးစိမ်ပေးတာတွေ လုပ်ဆောင်ပေးနေသလို ပညာပေး လုပ်ငန်းတွေ လုပ်ပေးနေပေမယ့် ပြည်သူတွေက အိမ်တွင်းမှာ သိုလှောင်ထားတဲ့ ရေတွေကို ဖုံး၊သွန်၊လဲ၊ စစ် မလုပ် တာတွေ ကြောင့် ရောဂါဖြစ်ပွားမှုနှုန်းများတာဖြစ်တယ်လို့လည်း ဒေါက်တာလှမြတ်သွေး က ပြောပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းဟာ မြစ်ချောင်းအင်းအိုင် ပေါများတာကလည်း ရောဂါဖြစ်ပွားမှုနှုန်းများရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ဖြစ်တယ် လို့လည်း ဒေါက်တာလှမြတ်သွေး က ဆိုပါတယ်။
မိုးတွင်းရဲ့ အလယ်ကာလဖြစ်တဲ့ ဒီဇူလိုင်လဟာ သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးဖြစ်နိုင်တာမို့ အထူး သတိထားကြဖို့ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးဌာန စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်း က RFA ကို ပြောထားပါတယ်။