မန္တလေးမြို့က ဒေါင်းစစ်သည်သပိတ် ဖြိုခွင်းခံရ

2021.04.26
မန္တလေးမြို့က ဒေါင်းစစ်သည်သပိတ် ဖြိုခွင်းခံရ ၂၀၂၁၊ ဧပြီ ၂၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းကို တွေ့ရစဉ်
Photo: University of Mandalay Students' Union

မန္တလေးမြို့မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ဆန္ဒပြဖို့ လူစုနေတဲ့ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်း ဟာ ဒီကနေ့ ဧ​ပြီ ၂၆ ရက်နေ့၊ ညနေ ၄ နာရီလောက်က ၃၂ လမ်း၊ လမ်း ၆၀ နဲ့ ၆၁ လမ်းကြားမှာ စစ်ကောင်စီ တပ်က သေနတ်နဲ့ပစ်ခတ်ပြီး လာရောက်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။

"ဆန္ဒပြဖို့ လူစုနေတုန်း စစ်သားတွေ ကား သုံးစီးနဲ့ ရောက်လာတယ်။ သေနတ်နဲ့ပစ်တယ်။ အကုန် ထွက်ပြေးလာကြတော့ ဖမ်းခံရသူနဲ့ ဒဏ်ရာရသူ ရှိ၊ မရှိတော့ မသိရသေးဘူး"လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ တစ်ယောက်က RFA ကို ပြောပါတယ်။

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလို့မရအောင် စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်နေပေမယ့် ပြည်သူတွေဟာ နေ့စဥ် ဆန္ဒပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။