ဦးဝင်းထိန်ကို ဝေဖန်တဲ့ စာအုပ်မိတ်ဆက်ပွဲ ကျင်းပ


2017.01.12
shwephoekhaung-620.jpg ဦးဝင်းထိန်ကို ဝေဖန်ရေးသားထားတဲ့ စာအုပ်မိတ်ဆက်ပွဲမှာ စာရေးသူ ရွှေဖိုးခေါင် ကို ဇန်နဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/RFA

NLD ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကို ဝေဖန်ရေးသားထားတဲ့ စာအုပ်မိတ်ဆက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ စာရေးသူ ရွှေဖိုးခေါင်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

စာအုပ်အမည်က "ပြည်သူ့နှလုံးသားထဲက မဟာ့မဟာသမ္မတ ဒေါ်အောင်ဆန်းစုကြည် အနီးက မိုးကျရွှေကိုယ် မင်းမြောင်မိစ္ဆာ မိတ္တီလာ ဝင်းထိန်" ဆိုတဲ့ အမည်နဲ့ ထုတ်ဝေထားတာဖြစ်ပါတယ်။

စာအုပ်ရေးရခြင်းအကြောင်းရင်းမှာ စာရေးသူ ရွှေဖိုးခေါင်ဟာ ဦးဝင်းထိန်နဲ့ ပုဂ္ဂိုလ်ရေး စကားမျာရာကနေ သူ့အပေါ်ရိုင်းပြစွာ ဆက်ဆံတဲ့အတွက် ဖြစ်လာရတာဖြစ်ပြီး၊ သူရေးတဲ့စာအုပ် အစပိုင်းမှာ ဦးဝင်းထိန်ဟာ "ဆရာမွေး တပည့်မွေး ရင်ကြားမစေ့ ရင်ကြားခွဲ အုပ်စုဖွဲ့ ဂိုဏ်းဖွဲ့ ကလိမ်စေ့ငြမ်းဆင် ကုလားထိုင်လုသူ" လို့ ရေးသားထားပါတယ်။

စာအုပ်မှာ အခန်းပေါင်း ၂၂ ခန်းပါရှိပြီး စာရေးသူ ရွှေဖိုးခေါင်ဟာ သူရေးသားပြောပြချက်အရ ဦးဝင်းထိန်အား တစ်ချိန်က အကူအညီပေးခဲ့သူဖြစ်ပြီး စစ်အာဏာရှင်လက်ထက်က မြေအောက်နိုင်ငံရေးလှုပ်ရှားခဲ့သူ လို့ ဖေါ်ပြထားပါတယ်။

စာအုပ်ကို ရန်ကုန် B. Media Wash (ဝေဖန်သည် ဝေဖန်ခံသည်) စာပေတိုက်မှ ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တန်ဖိုး ၃၀၀၀ ကျပ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။