အာဏာမသိမ်းခင်က တရားစွဲထားတဲ့ ရာဇဝတ်မှုတွေ ရုပ်သိမ်းမယ်လို့ စစ်ကောင်စီကြေညာ

2021.07.20
အာဏာမသိမ်းခင်က တရားစွဲထားတဲ့ ရာဇဝတ်မှုတွေ ရုပ်သိမ်းမယ်လို့ စစ်ကောင်စီကြေညာ ၂ဝ၂၁ ဧပြီလက အင်းစိန်ထောင်မှာ အကျဉ်းသားများ ပြန်လွှတ်ရန် ပြင်ဆင်နေသော ထောင်ဝန်ထမ်းများအား တွေ့ရစဉ်။
File Photo: AFP

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နဲ့ အဲဒီနေ့မတိုင်ခင်က တရားရုံးမှာစွဲဆိုထားတဲ့ အမှုအမျိုး အစားတချို့ကို စစ်ကောင်စီက ပိတ်သိမ်းကြောင်း မနေ့က ဇူလိုင်လ ၂၀ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါ တယ်။

ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်းပြီး တရားခံတွေကို အမှုက ချက်ချင်းလွှတ်ရမယ်လို့ ဖော်ပြပါတယ်။ ခိုးမှု၊ လုယက်မှု၊ သစ်တောမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုဥပဒေ - စတဲ့ ပြစ်မှုတွေ အကျုံးဝင်ပါတယ်။

ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ကုသနိုင်ရေး အတွက်ဆိုပြီး ပြစ်မှုဆိုင်ရာ တရားခံတွေကို ကိုဗစ်ရောဂါဆိုင်ရာ စည်းကမ်းချက်တွေကြောင့် ရုံးမထုတ်နိုင်တဲ့အပြင် ချုပ်ရက်တွေ ကြာတဲ့အတွက် တချို့ပြစ်မှုနဲ့ တရားစွဲဆိုခံရတဲ့ နိုင်ငံသားတွေအတွက် သက်ညှာစွာ စဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဒီအမိန့် ထုတ်ပြန်တာလို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။