တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ မွန်လူထုကို MSFC တိုက်တွန်း

RFA Burmese
2024.02.24
တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ မွန်လူထုကို MSFC တိုက်တွန်း မွန်ပြည်တော်လှန်ရေးတပ် MSRF မှ တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
MSRF

နိုင်ငံရေးအာဏာကို ရယူဖို့ လက်နက်ကိုင်လမ်းစဉ်ကနေ တခြားနည်းလမ်းမရှိတဲ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ အပါအဝင် တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဖို့ မွန်လူထုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာကျရောက်တဲ့ မွန်အမျိုးသားနေ့မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီက တိုက်တွန်းလိုက်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဟာ မွန်ပြည်နယ်အတွင်းက နိုင်ငံရေး၊ လူမှုရေး အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ တော်လှန်ရေးအဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် မွန်ပြည်တော်လှန်ရေးတပ် MSRF ကိုလည်း ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက မွန်လူငယ်တွေကို စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်ကောင်စီတပ်ထဲကို သွတ်သွင်းဖို့ ကြိုးပမ်းနေတာကြောင့် ရပ်တည်ဖို့ ပိုခက်ခဲလာတယ်လို့ ပြောပါတယ်။

တိုင်းရင်းသားတွေအနေနဲ့ စာပေ၊ စကား၊ ယဉ်ကျေးမှုတွေကို ဘယ်လိုပဲ ထိန်းသိမ်းစောင့်ရှောက်ပါစေ နိုင်ငံရေးအာဏာ လက်ဆုပ်လက်ကိုင်မရှိသရွေ့ လူမျိုးတိမ်ကောပပျောက်တာတွေ ကြုံတွေ့နေရမှာပဲလို့ MSFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။