ကာကွယ်နိုင်တဲ့ရောဂါတွေ နဲ့ မြန်မာကလေး ငါးသောင်း နှစ် စဉ်သေဆုံးနေဆဲ


2014.12.07

မြန်မာနိုင်ငံမှာ ကြိုတင်တားဆီးကာကွယ်လို့ရတဲ့ ရောဂါတွေနဲ့ တစ်နှစ်ကို ကလေးငယ် ငါးသောင်းဝန်းကျင် သေဆုံးနေ ရဆဲ ဖြစ်နေတယ်လို့ ကမ္ဘာ့ဘဏ် ကပြောပါတယ်။

World Bank Myanmar ရဲ့ Facebook စာမျက်နှာမှာ ဒီဇင်ဘာ ၅ ရက်နေ့ နေ့စွဲနဲ့ ဖေါ်ပြချက်အရ မြန်မာနိုင်ငံဟာ ၁၉၉ဝ နဲ့ ၂၀၁၀ ပြည့်နှစ် အတွင်း အသက် ငါးနှစ်အောက်ကလေး သေဆုံးနှုန်းဟာ အရှင် မွေးဖွားမှု ၁ဝဝဝ မှာ ကလေး သေဆုံးမူ ၁ဝဝ ကနေ ၅၂ ဦး အထိ လျှော့ချနိုင်ခဲ့ကြောင်း၊ ဒါပေမဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ဝဝဝ ဝန်းကျင် နဲ့ ကလေးငယ် ၅ဝဝဝဝ ဝန်းကျင်ဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါ ဘယတွေနဲ့ သေဆုံးနေ ရကြောင်း ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲသားအများစုဟာ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရသလောက်ဖြစ်နေပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်အတွင်း အသက်တစ်နှစ်အောက် ကလေးငယ် ၇ ဦးမှာ ၁ ဦးနှုန်း ကိုယ်အလေးချိန် မပြည့်ဘဲ မွေးဖွား လာကြပြီး၊ အသက်ခြောက်လအောက် ကလေး ၂၄ ရာခိုင်နှုန်းဟာ မိခင်နို့တစ်မျိုးတည်း သာ ရရှိကြတယ်လို့ ဆိုပါ တယ်။ အဟာရမပြည့်ဝမှု ကြောင့် အသက်ငါးနှစ်အောက် ကလေး ၃၅ ရာခိုင်နှုန်းကြီးထွား ဖွံ့ဖြိုးမှု နိမ့်ကျနေပြီး၊ ၂၃ ရာခိုင်နှုန်းက သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန် မပြည့်ကြဘူးလို့ သိရပါတယ်။

ဒီအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ လက်လှမ်းမီရေး စီမံချက်ကို ကမ္ဘာ့ဘဏ်က ဆောင် ရွက်နေရာမှာ မြို့နယ်ပေါင်း ၃၃ဝ က ကိုယ်ဝန် ဆောင်မိခင်နှင့် ကလေးသူငယ် လေးသန်းဝန်းကျင် အကျိုးခံစားနိုင် မယ်လို့ မျှော်မှန်းထားကြောင်း ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။