ဘာသာလူမျိုးပဋိပက္ခပြေ ငြိမ်းရေး ဆောင်ရွက်မယ် လို့ မြန်မာ ကာဒီနယ် ပြောဆို


2015.01.17
charles-maung-bo-305.jpg ကာဒီနယ် ချားလ်စ်ဘို ပုံ
Photo: Kyaw Thu, Sann Maw Aung/RFA

ပုပ်ရဟန်းမင်းကြီးက ခန့်အပ်တဲ့ ကာဒီနယ် ဘုန်းတော်ကြီးအဖြစ်နဲ့ မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာ တရားတွေကြား ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင် ကြားစေ့ရေး ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားမယ်လို့ ဘုန်းတော်ကြီး ချားလ်စ်ဘိုက ပြောကြားပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ အာရှခရီးစဉ်အတွက် ဖိလစ်ပိုင်နိုင်ငံ ကို ရောက်ရှိနေတဲ့ ချားလ်စ်ဘိုကို ဗာတီကန်ရေဒီယို က တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုအတွက် ဘာသာရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးကြီးပါတယ်၊ ဗုဒ္ဓ ဘာသာဝင်အများစုရှိတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တွေရဲ့ အဆိုအမိန့်တွေက လူထုအပေါ် အလွန်တရာသြဇာညောင်းပါတယ်၊ ပုပ်ရဟန်းမင်းက ခန့်အပ်လိုက်တဲ့ ကာဒီနယ် တစ်ဦးအဖြစ် မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာတရားတွေကြား ငြိမ်းချမ်းရေးနဲ့ ပြန် လည်ရင်ကြားစေ့ရေး ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားဖို့ ရည်ရွယ်ထားပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းက ကာဒီနယ် ခေါ် ဗာတီကန် ဘုန်းကြီးအမတ် ၂ဝ ကို မကြာခင်က တိုးမြှင့်ခန့်အပ်ခဲ့ရာမှာ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ချားလ်စ်ဘိုကို မြန်မာနိုင်ငံသားထဲက ပထမဆုံး ကာဒီနယ်အဖြစ် ရွေးချယ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကာဒီနယ် ဘုန်းကြီးတွေဟာ ပုပ်ရဟန်းမင်းကို အကြံပေးအဖွဲ့ဖြစ်သလို၊ ပုပ်ရဟန်းမင်း အသစ်ကိုလည်း ရွေးချယ်ကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။