အိန္ဒိယ-မြန်မာ အဆင့်မြင့် စစ်အရာရှိများ နယ်စပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
2011.04.29

အဲဒီဆွေးနွေးပွဲမှာ အဓိက အားဖြင့် အိန္ဒိယစစ်တပ်က သူတို့အစိုးရကို ပုန်ကန်နေတဲ့ သူပုန်တွေကို မြန်မာပိုင်နက်ထဲအထိ လိုက်တိုက်နိုင်ဖို့ တောင်းဆိုနေတာ ဖြစ်တယ်လို့ အိန္ဒိယ မြန်မာနယ်စပ်မှာ နေထိုင်တဲ့ နယ်စပ်အရေး လေ့လာသူတဦး က ပြောပါတယ်။
“အိန္ဒိယဖက်က အိန္ဒိယနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့ ဖမ်းလိုတဲ့ လူဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ ရှိခဲ့ရင်လည်း ဗမာနိုင်ငံက ခွင့်ပြုဖို့ ကိစ္စတွေ၊ နှစ်နိုင်ငံ ခုနက လူကျူးကျော်မှု၊ ပစ္စည်း ကျူးကျော်မှုကိစ္စတွေလည်း ဒီလို ပူးပေါင်းဆောင်ရွက်မဲ့ ဟာတွေ၊ ဒါမျိုးတွေ ဆွေးနွေးနိုင်တယ်။”
“အဲဒီကျတော့ ဗမာပြည်ဖက် ဝင်တိုက်မလား၊ မတိုက်ဖူးလား၊ တိုက်လို့ ဖြစ်မလား ဆိုတဲ့ဟာတွေကိုတော့ ဒါ ဆွေးနွေးမှာပဲ၊ အရင်တုန်းကလည်း အကြိမ်ကြိမ် ဆွေးနွေးနေတာပဲ။ ပေးစရာရှိတာတွေလည်း အိန္ဒိယက ပေးနေတာ။ အဲဒီဥစ္စာ ဝင်တိုက်လို့ ရအောင်လည်း သူတို့ ပေးနေတာ။”
“ဒီနေ့ထိကတော့ ဗမာဖက်ကို အိန္ဒိယဖက်က ဝင်လုပ်တဲ့ဟာတွေ တော်တော် တောနက်တဲ့ အပိုင်းတွေပေါ့နော။ ဟုမ္မလင်းနဲ့ တမူးကြား ဒါမျိုးနေရာတွေမှာ အိန္ဒိယတပ်တွေ ဝင်ပြီးတော့ ၄-၅-၆ ကီလိုမီတာ ဝင်ပြီးတော့ ရှင်းလင်းတာတွေ လုပ်တာတို့ ဒါ ကျွန်တော်တို့ သိရတယ်လေ။”
အဲဒီဆွေးနွေးပွဲမှာ အိန္ဒိယဖက်က ၁၂-ဦးပါ စစ်ဖက် ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ် Hooda ဦးဆောင်ပြီး မြန်မာဖက်က ဒေသ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ဆန်းချစ် ဦးဆောင်ပြီး ဆွေးနွေး နေပါတယ်။
ဒီလ ၂၇ ရက်နေ့ကလည်း အိန္ဒိယ ထောက်လှမ်းရေးဌာန RAW ရဲ့ အကြီးအကဲ S. K. Tripathi ဟာ နေပြည်တော်ကို ရောက်ရှိခဲ့ပြိး မြန်မာအစိုးရ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။