ပုဂံမှာ ဆန္ဒပြသူတွေကို ရဲနဲ့စစ်သား သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်း

2021.03.07
ပုဂံမှာ ဆန္ဒပြသူတွေကို ရဲနဲ့စစ်သား သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်း မန္တလေးတိုင်း ပုဂံမြို့မှာ တွေ့ရတဲ့ ကျည်ခွံတွေကို တွေ့ရစဉ်
Photo: CJ

မန္တလေးတိုင်း ပုဂံမြို့မှာ ဒီကနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြဖို့ လူစုနေချိန်မှာ စစ်တပ်နဲ့ ရဲတို့က သေနတ်ပစ်ဖောက်ဖြိုခွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ရဲနဲ့ စစ်တပ်က အဓိကလမ်းမကြီးဖြစ်တဲ့ ပုဂံလမ်းမတော်လမ်းပေါ်မှာ နေရာယူထားတာကြောင့် ဘုရားလမ်းကြားတွေမှာ လူစုနေချိန်မှာပဲ သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ပြီး အကြမ်းဖက် ဖြိုခွဲခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်ဖြိုခွဲမှုကြောင့် ပုဂံမြို့ သီရိပစ္စယာရွာက မောင်အောင်ဖြိုးဝင်း မျက်နှာမှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့တာကြောင့် ဆေးကုသမှုခံယူနေရသလို နောက်ထပ်ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ ရဲနဲ့ စစ်သားတွေပစ်ခတ်တာ သေနတ်ကျည်ဆံအစစ်နဲ့ ပစ်ခတ်တာလား ရာဘာကျည်တွေနဲ့ ပစ်ခတ်တာလား ဆိုတာကို အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။