လက်နက်ကြီးကြောင့် မိုးကုတ်မှာ သံဃာသုံးပါး ပျံလွန်

RFA Burmese
2024.06.28
လက်နက်ကြီးကြောင့် မိုးကုတ်မှာ သံဃာသုံးပါး ပျံလွန် မန္တလေးတိုင်း၊ မိုးကုတ်မြို့တစ်နေရာကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ရှမ်းတောရပ်ကွက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းပေါ် ဇွန်လ ၂၇ ရက်နေ့ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုရင် သုံးပါး ပျံလွန်တော်မူပြီး နှစ်ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလက်နက်ကြီးကို ဘယ်အဖွဲ့အစည်းက ပစ်တယ်ဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီး ကျတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း ဝေးပါတယ်။ ဘက်ကပစ်လိုက်တာလဲတော့ မသိရသေးပါဘူး”

ဒဏ်ရာရရှိထားတဲ့ ကိုရင် နှစ်ပါးကတော့ မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မိုးကုတ်မြို့ အနောက်ခြမ်းမှာတော့ စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တွေ ဇွန်လ ၂၆ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

TNLA ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ မိုးကုတ်မြို့၊ အေးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ခလရ (၁၄၈) တပ်စခန်းကို ဇွန်လ ၂၇ ရက်နေ့ မနက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။