ဖမ်းဆီးခံထားရတဲ့ ALP အဖွဲ့ဝင်တစ်ဦး ပြန်လွတ်လာ

2021.01.02
ဖမ်းဆီးခံထားရတဲ့ ALP အဖွဲ့ဝင်တစ်ဦး ပြန်လွတ်လာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: ALP

ခုနစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALP) က ပြည်ပဆက်ဆံရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ ခိုင်ဝင်းလှိုင်ဟာ ဇန်နဝါရီ ၁ ရက် မနေ့က ပြန်လွတ်လာတယ်လို့ ALP က ကြေညာချက်ထုတ်ပါတယ်။

ခိုင်ဝင်းလှိုင်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၀ မေလ ၃၁ ရက်နေ့က နေအိမ်မှာရှိနေစဉ် ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။

AA အဖွဲ့က သူတို့နယ်မြေလို့ သတ်မှတ်ထားတဲ့နေရာမှာရှိနေတဲ့ ALP အဖွဲ့ဝင်တွေကို ဖမ်းဆီးတာ ဖြစ်နိုင်ကြောင်း ALP က ဗိုလ်မှူးကြီး ခိုင်စိုးမြက RFA ကိုပြောပါတယ်။

မေလ ၂၃ ရက်နေ့က AA က ဖမ်းဆီးသွားခဲ့တဲ့ ပေါက်တောမြို့နယ် ရပက်ချိုင်ကျေးရွာကနေ အိမ်တွေမှာ ရှိနေတဲ့ ALP ရဲဘော် ခိုင်မောင်ခင်ဝင်းနဲ့ ခိုင်မောင်လုံးတို့ကိုလည်း နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ALP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။