သတ်မှတ်နယ်မြေ မကျော်ဖို့ အပစ်ရပ်အဖွဲ့များကို အစိုးရစစ်တပ်သတိပေး
2011.04.29

အစိုးရက သတ်မှတ်ပေးထားတဲ့ နေရာမှာ ရှိမနေပဲ သတ်မှတ်နယ်မြေထက် ကျော်လွန် ရောက်ရှိနေရင် မိမိတပ်ရှိရာ မိမိပြန်ဝင်ဖို့လည်း မှာကြားထားတယ်လို့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။
“နယ်စပ်ဒေသပေါ့၊ ဝ နဲ့ မုန်းလားဒေသမှာ ရှိတဲ့ သက်ဆိုင်ရာ ဗမာအစိုးရကနေပြီးတော့ အကြောင်းကြားတာ ရှိတယ်။ ကိုယ်သတ်မှတ်ထားတဲ့ နယ်မြေထဲက ထွက်တဲ့ တပ်တွေကို ပြန်သွင်းဖို့၊ မသွင်းလို့ သူတို့နဲ့ ထိပ်တိုက် သူတို့ ဗမာအစိုးရ နယ်မြေထဲမှာ တွေ့ရင် တိုက်ပွဲဖြစ်ရင် သူတို့ တာဝန် မယူဘူးပေါ့ဗျာ။”
“ဒီ အခု လက်ရှိ ရှိတဲ့ ဝ တပ်ဖွဲ့တို့၊ အထူးဒေသ (၄) တပ်ဖွဲ့တို့၊ အခြား ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ ဗမာအစိုးရက သတ်မှတ်ပေးတဲ့ နေရာရှိတယ်။ အဲဒီ နေရာ တွေကနေပြီးတော့ ကျော်ပြီးတော့ ထွက်နေတာ တွေ့ရင် ပြန်ဝင်ဖို့၊ ပြန်မဝင်ရင် သူတို့လည်း အခုဟာ နယ်မြေ ရှင်းလင်းရေး လုပ်မယ်။ နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့အောက်မှာ ထိတွေ့မှု ဖြစ်ရင် မကောင်းဘူး။ ကိုယ့်ဖာသာ တာဝန်ယူရမှာပဲ။ သူတို့ကတော့ တွေ့ရင် တိုက်မှာပဲ။”
ငြိမ်းချမ်းရေးတပ်ဖွဲ့ ကိုယ်စားလှယ်တွေကို ရွှေတြိဂံတိုင်းလို ရ-မ-ခ တိုင်းလို သက်ဆိုင်ရာ တိုင်းမှူးတွေက လူကိုယ်တိုင် ခေါ်တွေ့ပြီး မတ်လ ၂၄ ရက်လောက်က အကြောင်းကြားတာလို့ ဆိုပါတယ်။
လက်နက်နဲ့ ငြိမ်းချမ်းရေး
လဲလှယ်ချိန်က အရင် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ အပစ်ရပ်အဖွဲ့တွေ
သဘောတူထားတဲ့ နယ်မြေတွေ ရှိခဲ့ပါတယ်။ အဲဒီ သတ်မှတ်နယ်မြေမှာပဲ နေထိုင်ဖို့ ခုလို ညွှန်ကြားတာဟာ
ထိန်းချုပ်လိုတဲ့ ရည်ရွယ်ချက် ရှိပုံရတယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။
“ဗမာအစိုးရက ထိန်းချုပ်တဲ့ သဘောပေါ့။ ကိုယ့်နေရာကိုယ် ထိန်းချုပ်တဲ့ သဘော။ နောက်တခုက
အခု UNFC တို့ ဘာတို့ ဖွဲ့ပြီးတဲ့အခါမှာ၊ နောက်တခုက တပ်ပေါင်းစု လက်နက်ကိုင် အဖွဲ့အစည်းတွေက
နေပြီးတော့ ကျွန်တော်တို့ ဒေသတွင်းကို လက်နက်ကိုင်နဲ့ ဝင်လာမှာတို့၊ ကျွန်တော်တို့နဲ့
ဆက်စပ် လှုပ်ရှားမှာတို့ ဘာတို့ ဟန့်တားချင်တဲ့ သဘောနဲ့ တူတယ်။ ကျွန်တော်တို့ နေရာမှာပဲ
သတ်မှတ်ပြီးတော့ သူက ထိန်းချုပ်ထားချင်တဲ့ သဘောလည်း ဖြစ်တယ်။ အဲဒါကြောင့် သူက အဲလို
အကြောင်းကြားတော့ ကျွန်တော်တို့ဖက်က မလိုအပ်တဲ့ စခန်းတွေပေါ့၊ အခုအခံလေးပေါ့၊ အဲဒီ
ဒေသ စခန်းတွေ ဆုတ်ပေး၊ သူကတော့ အဲဒီ စခန်းတွေကိုတော့ တက်ယူတာတော့ မလုပ်သေးဘူး၊ အဲဒီနားတဝိုက်
ရှင်းလင်းရေးတော့ လုပ်နေတယ်။”