တပ်ဂုဏ်သိက္ခာထိခိုက်လာရင် ထိုက်သင့်တဲ့ အရေးယူတာတွေ လုပ်သွားမယ်လို့ ပြော


2019.04.30
zawmintun-622.JPG တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကို ၂၀၁၉ ဧပြီ ၃၀ ရက်နေ့ကတွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာရင် အတိုင်းအတာတခုထိ သည်းခံပေမယ့် အလွန်အကျွံဖြစ်လာရင် နစ်နာမှုအတွက် ထိုက်သင့်တဲ့ အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဒီနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဒီနေ့ကျင်းပတဲ့ မဏ္ဍိုင်လေးရပ် တေ့ွဆုံပွဲမှာ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုလိုက်တာပါ။

အစိုးရ၊ တပ်မတော်နဲ့ အခြားအဖွဲ့အစည်းတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇတ်သတ်ကြီးပုဒ်မ ၄၉၉၊ ၅၀၀၊ ၅၀၅ စတဲ့ ပုဒ်မတွေနဲ့ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတာ အမှုပေါင်း ၃၁ မှုရှိတဲ့အထဲက တပ်မတော် က စွဲဆိုထားတဲ့အမှု ၄ မှုသာ ပါဝင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောကြားချက်အရ သိရပါတယ်။

မဏ္ဍိုင်လေးရပ်တေ့ွဆုံပွဲကို ပြန်ကြားရေးဝန်ကြီးနဲ့ အစိုးရဌာနဆိုင်ရာ အရာရှိတချို့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။