အရေးပေါ်အခြေအနေမှာ စစ်တပ်ဝင်ဖို့ တုန့်ဆိုင်းနေမှာမဟုတ်


2015.01.21
minaunghlaing-305.jpg ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်
Photo: RFA

မြန်မာ့တပ်မတော်အနေနဲ့ တစ်ဖက်သတ် အာဏာသိမ်း မှာ မဟုတ်ပေမဲ့၊ တိုင်းပြည်မှာအရေးပေါ် အခြေ အနေ ကြေညာရပြီဆိုရင်တော့ ငြိမ်ဝပ်ပိပြားရေး အတွက် ဆောင်ရွက်ဖို့ တုန့်ဆိုင်းနေမှာ မဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုကြောင်း စင်္ကာပူအခြေစိုက် Channel News Asia သတင်းက ဖော်ပြပါတယ်။

ဒါ့ပြင် ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက် မှုတွေပေါ်ပေါက်လာအောင် ပြင်ပအဖွဲ့အစည်းတွေ က သွေးထိုးလှုံ့ဆော်လာနိုင်ကြောင်းလည်း ပြော ပါတယ်။

ဒေသတစ်ခု၊ ပြည်နယ်တစ်ခုမှာ အရပ်ဘက် အာဏာ ပိုင်တွေ မထိန်းနိုင်ပဲ အခြေအနေတွေ ဆိုးသည်ထက် ဆိုးလာလို့ သမ္မတက အရေးပေါ်အခြေအနေကြေညာ ပြီး စစ်တပ်ဝင်ဖို့လိုပြီလို့ပြောတဲ့အခါ တုန့်ဆိုင်းမနေပဲ ဝင်ရ မှာပါ၊ ဒီလိုမျိုး ဥပဒေနဲ့အညီ မဆောင်ရွက်ရင်၊ နောက် ဆက်တွဲပြဿနာတွေ အများကြီးကြုံရမှာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးအကဲခတ် ဒေါက်တာ ရန်မျိုးသိန်းကလည်း ဒီကိစ္စဟာ တိုင်းပြည်အခြေအနေအပေါ် စစ်တပ်ရဲ့ ကြည့်မြင်သုံး သပ်ပုံအပေါ် မူတည်နေတယ်လို့ ပြောပါတယ်။ ပြည်သူတွေအမြင်က ဒီမိုကရေစီဘက်ကို သွားနေတယ်လို့မြင်ပေမဲ့၊ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေက ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်အေင် မရင့်ကျက်သေးဘူးလို့ မြင်နိုင် ပါတယ်၊ ဒါကြောင့် ရှေ့မှာ စစ်တပ်က ပကတိအခြေအနေမှန်ကို မမြင်နိုင်ဘူးဆိုရင် အာဏာသိမ်းနိုင်ပါတယ်လို့ Channel News Asia သတင်းကို ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။