၆ ပွင့်ဆိုင်အတွက် အကြံပြု ချက်ပေးဖို့ အမျိုးသားလွှတ်တော် မှာ နောက်ဆုံးရက် သတ်မှတ်


2015.01.21
u-khin-aung-myint-b305 အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပုံ
Photo: RFA

၆ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တွေ အနေနဲ့ မိမိတို့ ဆွေးနွေးလိုတဲ့ အကြောင်း အရာတွေကို အကြံပြုတင်ပြကြဖို့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဒီနေ့ တိုက်တွန်းလိုက် ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေကို ဒီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ကြဖို့ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က အခုလို တိုက် တွန်းပြောကြားခဲ့ပါတယ်။

"ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော် သမ္မတမှပေးပို့လာတဲ့ သဝဏ်လွှာ နဲ့စပ်လျဉ်းပြီး မိမိ ထံသို့ ယင်းကိစ္စနဲ့ ပတ်သက်ပြီး သဘောထား နဲ့ တွေ့ဆုံဆွေးနွေးပွဲအား ဆောင်ရွက်လိုသည်ကိုလည်း အလျင်အမြန်ပြန်ကြားပေးစေလိုပါကြောင်း သဝဏ် လွှာပေးပို့လာပါတယ်၊ မိမိအနေဖြင့်တွေ့ဆုံဆွေးနွေးပွဲအား အမျိုးသားလွှတ်တော် ဥက္ကဌအနေနဲ့ တက်ရောက်သွားမှာဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲတွင် အကြံပြု လိုသော အကြောင်းအရာအချက်အလက်များကို မိမိထံသို့ ၂၃ ရက် ၁ လ ၂၀၁၅ တွင်အရောက် စာဖြင့်ရေး သားပေးပို့ရန် ဖိတ်ခေါ်အပ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များထံမှ ရရှိထားတဲ့အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပြီး ၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြ အပ်ပါတယ် "

နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တဲ့သဝဏ်လွှာမှာ ခြောက်ပွင့် ဆိုင်တွေ့ ဆုံပွဲကို သူ့အနေနဲ့ ကြိုဆိုပေမဲ့ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲမျိုးဖြစ်ဖို့ တိုက်တွန်းထားပါတယ်။

ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဌ ၂ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ပါဝင် တဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ကျင်းပပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။