သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-27
မြန်မာပြည်ရဲ့လက်ရှိ ပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘဲ တိုင်းပြည်ကို တကယ်ချစ်ရင် တွေ့ဆုံဆွေးနွေးရေးနည်းနဲ့သာ အဖြေရှာရမှာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
2021-09-27
လက်ရှိရောက်နေတဲ့နေရာမှာ အခက်အခဲများစွာ ကြုံတွေ့နေရပေမယ့် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သရုပ်ဆောင် မြနှင်းရည်လွင်က ပြောလိုက်ပါတယ်။
2021-09-26
ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်နေတဲ့ကြား စစ်အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာ့ခရီးသွားလုပ်ငန်း ရှေ့ဆက်မသွားနိုင်တော့ဘဲ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက် တချို့လည်း ပြည်ပကို ထွက်ကြပါတယ်။
2021-09-22
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တယားလုံးဝနီးပါး ပျက်ပြားသွားပြီဖြစ်ပြီး ဒေသရဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေး ရှစ်ဆယ်ရာခိုင်နှုန်းကို AA ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားနိုင်ပြီလို့ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း ကပြောကြားလိုက်ပါတယ်။
2021-09-20
လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို တက်ရောက်ခွင့်ပေးထားပြီး၊ အာဏာသိမ်း စစ်ကောင်စီက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တက်ခွင့်မပြုဘဲ ထားတာဟာ အမေရိကန်နဲ့တရုတ် နှစ်နိုင်ငံလုံးက လက်ခံနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ International Crisis Group ရဲ့ ကုလသမဂ္ဂရေးရာ ညွှန်ကြားရေးမှူး Richard Gowan က ပြောပါတယ်။
2021-09-20
မြန်မာနိုင်ငံတွင်းရှိ ဝင်ငွေမြင့်မားသူတွေထံကနေ အခွန်ငွေ ကောက်ခံတဲ့အနေနဲ့ ၂ဝ၂၁ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က စက်တင်ဘာလ ၂ဝ ရက် ဒီကနေ့ ပြဌာန်းလိုက်ပါတယ်။
2021-09-19
ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီ တပ်သား တွေက ပစ်သတ်ပြီး ပစ္စည်းပါ ယူသွားခံရတယ်ဆိုတဲ့ သင်းအုပ်ဆရာ ကျုံးဗျတ်ဟုန်းရဲ့ အကြောင်းနဲ့ တခြား ဒေသတွေက အခြေအနေအကြောင်းကို NLD အစိုးရ အချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားပါတယ်။
2021-09-17
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်ကောင်းမွန်အောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ တစ်စုံတစ်ရာမှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်းနဲ့ တိုင်းပြည်ဟာ ချောက်ကမ်းပါးထဲကို ကျဆင်းနေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
2021-09-17
အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Bruce Chiu ရိုက်ကူးပြီး မြန်မာသရုပ်ဆောင် ခရစ္စီအောင်နဲ့ ဇော်မျိုးထက်တို့ ပါဝင်တဲ့ Imperfectly Complete "နတ္တိရောင်အိပ်မက်" ၁၅ မိနစ်စာ ဇာတ်လမ်းတိုကို ဗြိတိန်နိုင်ငံ လန်ဒန် Raindance ရုပ်ရှင်ပွဲတော်မှာ ပြသတော့မှာပါ။
2021-09-13
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်ဖြစ်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် က ကုလသမဂ္ဂမှာ အခု မြန်မာနိုင်ငံကိုယ်စားလှယ် ရွေးချယ်မယ့်ကိစ္စဟာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေ အမှန်တကယ်ရွေးတဲ့ သံအမတ်ကြီးနဲ့ စကားပြောမှာလား၊ အာဏာကို အဓမ္မရယူခဲ့တဲ့ စစ်ကောင်စီက စေလွှတ်သူနဲ့ စကားပြောမှာလား ဆိုတာကို ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေအနေနဲ့ အခုအချိန်မှာ ပြည်သူနဲ့ လာရောက်ပူးပေါင်းလိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး စံနမူနာ ဖြစ်လိမ့်မယ်လို့လည်း သူကပြောပါတယ်
2021-09-09
ဝါရှင်တန်ပို့စ် သတင်းစာဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ရက်နေ့က ပဲခူးမြို့မှာ စစ်တပ်က အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားသူတွေ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကို အရပ်သားပြည်သူတွေရိုက်ကူးထားတဲ့ ဗွီဒီယိုနဲ့ဓာတ်ပုံတွေကို လေ့လာပြီး၊ စစ်တပ်ရဲ့လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against humanity မြောက်တယ်လို့ သုံးသပ်ထားတဲ့ အထူးသတင်း ဆောင်းပါး တစ်စောင်ကို ဖော်ပြခဲ့ပါတယ်။
2021-09-07
ကုလသမဂ္ဂ Credential Committee ကိုယ်စားလှယ်ခန့်အပ်မှု စိစစ်ရေးကော်မတီက မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် သံအမတ်ကြီးအဖြစ် NUG အမျိုးသား ညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ဖြစ်တဲ့ လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုမှာလား၊ ဒါမှမဟုတ် အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်ခံမှာလား၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ အသိအမှတ်မပြုဘဲ လစ်လပ်နေရာအဖြစ်ထားရှိမှာလားဆိုတာကို ဒီလအတွင်း ဆုံးဖြတ်ရွေးချယ်မှာ ဖြစ်ပါတယ်။
2021-09-03
ချင်းပြည်နယ် မင်းတပ်မြို့နယ်က CDF ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သြဂုတ်လ ၁၃ ရက်ကနေ စက်တင်ဘာ ၃ ရက် မနေ့က အထိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က စစ်သား ၃ဝ ကျော် သေဆုံးခဲ့ပြီး သေနတ် ခြောက်လက်အပါအဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းတပ် ချင်းကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယောမာန် က RFA ကိုပြောပါတယ်။