တိုင်းပြည် ချောက်ထဲကျနေပြီဟု SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် ပြောကြား

2021.09.17

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက် ကောင်းမွန်အောင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ တစ်စုံတစ်ရာမှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်းနဲ့ တိုင်းပြည်ဟာ ချောက်ကမ်းပါးထဲကို ကျဆင်းနေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ စစ်ကောင်စီအနေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကို ရပ်စဲသင့်တယ်လို့လည်း သူကပြောပါတယ်။

ဦးစိုင်းညွန့်လွင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။