ထန်တလန်မှာ အသတ်ခံရတဲ့ သင်းအုပ်ဆရာအကြောင်းနဲ့ ချင်းပြည်နယ် အခြေအနေ
2021.09.19
ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ပြီး ပစ္စည်းပါ ယူသွားခံရတယ်ဆိုတဲ့ သင်းအုပ်ဆရာ ကျူံးဗျက်ဟုမ်းးရဲ့ အကြောင်းနဲ့ တခြားဒေသတွေက အခြေအနေအကြောင်းကို NLD အစိုးရ အချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
အခုလို သင်းအုပ်ဆရာ ကျူံးဗျက်ဟုမ်းကို စစ်ကောင်စီတပ်တွေကပစ်သတ်ပြီး လက်စွပ်ပါ ယူသွားတယ် ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ချက် မတွေ့ရသေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီးကို RFA က မနေ့ကဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။