သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-07
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ကို တိမ်းရှောင်လာတဲ့ ဒေသခံတွေနဲ့ မှော်လုပ်သားတွေထဲမှာ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေတို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ရွာအနီးကို လက်နက်ကြီးတွေ ကျရောက်တာကြောင့် ထွက်ပြေးလာသူတွေလည်း ပါဝင်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
2017-06-07
ဒီနှစ်မှာ မြန်မာ့စီးပွားရေးဟာပြေးလမ်းကနေ ပျံတက်တော့မယ်လေယဉ်ပျံလိုအဆင်သင့်ဖြစ်နေပြီး တိုးတက်အောင်ကြိုးစားကြတော့မယ်လို့ စီမံဘဏ္ဍာဝန်ကြီးက နေပြည်တော်က စီးပွားရေး ကဏ္ဍဆွေးနွေးပွဲမှာပြောဆိုသွားပါတယ်။
2017-06-05
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဆိုတဲ့နာ မည်ကို မသုံးစွဲဖို့ ကြေညာချက်ထုတ်ပြန်ပြီးနောက် မဘသအနေနဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုတဲ့ အမည်နဲ့ ဆက်လက် ရပ်တည်သွားမယ်လို့ ကြေညာ ထားပါတယ်။
2017-06-04
ဇွန်လ ၁ ရက် နေ့ကနေ မနက်ဖြန်ဇွန်လ ၅ ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသ၊ တာ့ခ် ခရိုင်အ တွင်းက စက်ရုံတွေ၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်း ခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ အထောက်အထားမဲ့အလုပ်သမားနဲ့ ကလေးအလုပ် သမားတွေကို စီမံချက်အရဖမ်းဆီးမှုတွေ ဆောင် ရွက်နေပါတယ်။
2017-06-04
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ မှာ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေကြတဲ့ အခြေအနေတွေကို ပြည်နယ်သယံဇာတ နဲ့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး နဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
2017-06-04
တရားသူကြီးကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တာကြောင့် အဖမ်းခံနေရတဲ့ တရားရုံး ချုပ်ရှေ့နေ ဦးဇော်ဝင်းရဲ့ အမှုနဲ့ ပတ်သက်ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကထဲက တရားရုံးချုပ်ရှေ့နေများနဲ့ တရားသူကြီးတွေကြားက ပြဿနာဖြစ်တယ် လို့ ဝေဖန်တာတွေရှိနေပါတယ်။
2017-06-03
ရန်ကုန်မြို့ ဗဟန်းမြို့နယ်တရားရုံးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့် အဖမ်းဆီးခံနေရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို ဆက်လက်ဖမ်းချုပ်ထားဖု့ိအတွက် ရုံးပိတ်ရက်ဖြစ်တဲ့ ဒီကနေ့ စနေနေ့မှာပဲ ဗဟန်းမြို့နယ် တရားရုံးကနေ ချုပ်ရမန် ပေးလိုက်ပါတယ်။
2017-06-03
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာပါဝင်တဲ့ ကြည်လင်း၊ ဇေယျာ ဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့ပါတယ်။
2017-06-03
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ညက မိုးကြီးခဲ့တာကြောင့် ကျေးရွာတွေနဲ့ လဟယ်မြို့ကို အဓိကလမ်းတွေကို ဆက်သွယ်ထားတဲ့ တံတား ၈ စင်း ရေမျှောပျက်စီး သွားပါတယ်။
2017-06-03
ကယားပြည်နယ် လွိုက်ကော်မြို့က ကန္တာရဝတီတိုင်း(မ်) သတင်းထောက် မမော်ဦးမြာဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ရုံးကအပြန်မှာ ကားပေါ် အဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရရာကနေ ကားမတော်တဆမှုဖြစ်ပွားခဲ့ပြီး သတိမေ့နေရာကနေ သတိပြန်ရနေပြီဖြစ်ပါတယ်။
2017-06-03
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ကျည်ထောင်စုသစ္စာဆိုတဲ့ သရော်စာနဲ့ ပတ်သက်ပြီး ပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ကို ဗဟန်းမြို့နယ် ရဲစခန်းက ဒီနေ့ ဆင့်ခေါ်ထားပြီး ညနေပိုင်းအချိန် အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။
2017-06-02
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း သိမ်းဆည်းဖမ်းမိထားတဲ့ စကားပြောစက်အလုံး (၄ဝ) ဟာ အကြမ်းဖက်လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက်ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
2017-06-02
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ “ပြည်ထောင်စုသစ္စာ” ရုပ်ရှင်ဇာတ်ကားကို “ကျည်ထောင်စုသစ္စာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သရော်စာ ရေးသားခဲ့တာနဲ့ပတ်သက်ပြီး ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ကို ဗဟန်းမြို့နယ်ရဲစခန်းက ဒီနေ့ ဖမ်းမိန့်နဲ့ ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။