အင်းတော်ကြီးဒေသ ရွှေတူးဖော်မှုအကြောင်း မေးမြန်းချက်
2017.06.04
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မှာ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေကြတဲ့ အခြေ အနေတွေကို ပြည်နယ်သယံဇာတ နဲ့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး နဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားတွေအများစုနေထိုင်ကြတဲ့ အင်းတော်ကြီးဒေသက ပြည်သူတွေက တရားမ ဝင် ရွှေတူးဖော်ရေးတွေကို လုံးဝ မလုပ်စေချင်ဘူးလို့ ပြောဆိုကြောင်း သိရပါတယ်။
အဲဒီဒေသဘက်ကိုကွင်းဆင်းပြီး လူထုနဲ့တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ကချင်ပြည်နယ် အမှတ် ၇ မဲဆန္ဒနယ်မြေ၊ မိုးညှင်းမြို့နယ်ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဇော် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။